AAPP မှ မွန်/ကရင်ပြည်နယ်ရှိ အခြေခံပညာကျောင်းများတွင် လူ့အခွင့်ရေးဆိုင်ရာ အသိပညာပေးပွဲများ ကျင်းပနိုင်ရန် စီစဉ်

AAPP မှ မွန်/ကရင်ပြည်နယ်ရှိ အခြေခံပညာကျောင်းများတွင် လူ့အခွင့်ရေးဆိုင်ရာ အသိပညာပေးပွဲများ ကျင်းပနိုင်ရန် စီစဉ်
by -
စောပဏ်

ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် "နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (Assistance Association for Political Prisoners)"မှ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူများနှင့် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် စီစဉ်နေကြောင်း AAPP ပြည်တွင်းတာဝန်ခံ ကိုအောင်မျိုးကျော်ထံမှ သိရသည်။

"မနေ့က ကျွန်တော်တို့ မွန်ပြည်နယ် လူမှုရေးဝန်ကြီးနဲ့ သွားတွေ့ပါတယ်။ ဒီနေ့ကြတော့ ကရင်ပြည်နယ်က ဝန်ကြီးနဲ့ သွားတွေ့တာပါ။ မွန်/ကရင်ပြည်နယ်က အထက်တန်းကျောင်းတွေမှာ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲတွေလုပ်ဖို့ ခွင့်ပြုချက် သွားတောင်းတာ။ ဝန်ကြီးတွေက လိုလိုလားလား ရှိကြပါ တယ်။ ဝန်ကြီးချုပ်နဲ့ တိုင်ပင်ပြီး အကြောင်းပြန်ပါမယ်လို့ ပြောကြတယ်"ဟု AAPP၏ ပြည်တွင်းတာဝန်ခံ ကိုအောင်မျိုးကျော်က ပြောသည်။

AAPPအသင်းသည် ပြည်တွင်းရုံးအဖြစ် ရန်ကုန်တွင် ဖွင့်လှစ်ထားပြီး ပဲခူးတိုင်းဒေသကြီးတွင်လည်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကို လိုက်လံပြုလုပ် ဆွေးနွေးခဲ့ကြသေးကြောင်း သိရ သည်။

နိုင်ငံသားအားလုံးတွင် နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးများ အပြည့်အဝရရှိရေး မျှော်မှန်းချက် ဖြင့် အခြေခံပညာ အထက်တန်းကျောင်း၊ တက္ကသိုလ်၊ ကောလိပ်နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူများမှ အစ ကျေးရွာသူ ကျေးရွာသာများတို့အထိတိုင် လိုက်လံဆွေးနွေးနေခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ AAPP အဖွဲ့အနေဖြင့် လူ့အခွင့်အရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ ၁၂ ရက်သင်တန်းကိုလည်း တိုင်းဒေသကြီးများနှင့် ပြည်နယ်တို့တဝှမ်း ၇၅ကြိမ်ကျော် လိုက်လံဖွင့်လှစ်ပြီး ဖြစ်ကြောင်း သိရသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...