ဒေါက်တာ ဇလှေထန်းသေဆုံးပြီး နှစ်လနီးပါးကြာပြီးနောက် ရုပ်ကလပ် မွေးရပ်မြေသို့ ယနေ့ရောက်မည်

ဒေါက်တာ ဇလှေထန်းသေဆုံးပြီး နှစ်လနီးပါးကြာပြီးနောက် ရုပ်ကလပ် မွေးရပ်မြေသို့ ယနေ့ရောက်မည်
by -
Salai Khup Khup

၀ါရင့် ချင်းနိုင်ငံရေးခေါင်းဆောင် ဖြစ်သည့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ် ဖြစ်သည့်အမေရိကတွင် သေဆုံးပြီး နှစ်လနီးပါးအကြာတွင် သူ၏ရုပ်ကလပ်မှာ မွေးရပ်မြေဖြစ်သည့် ဖလမ်းမြို ့တွင် ယနေ့ရောက်ရှိတော့မည်ဖြစ်ပြီး ဒေသခံများမှ လည်း ခမ်းနားစွာကြိုဆိုပြီး စျာပနာအခန်းအနား နှင့် မြေမြှုပ်သဂြိုလ်မည့် အစီအစဉ်ကို မေ ၅ ရက် နေ ့မွန်းလွဲချိ်န် ၂ နာရီချိန်တွင်ပြုလုပ်မည်ဟု ရုပ်က လပ်ကြိုဆိုရေး ကော်မတီဖွဲ ့ဝင် ဆလိုင်းငယ်ပီးကပြောသည်။

ဒေါက်တာဇလှေထန်း၏ ရုပ်ကလာပ်ကို ကလေးမြို ့မှ ဖလမ်းမြို ့သို့ ယနေ ့နံနက်ပိုင်း ဆယ်နာရီဝန်းကျင်တွင် သယ်ဆောင်သွားပြီဖြစ်ပြီး ညနေပိုင်းတွင် ဖလမ်းမြို့သို့ ရောက်ရှိမည်ဖြစ်သည်။

ရုပ်ကလပ်ကြိုဆိုရေးကော်မတီအဖွဲ့ဝင် ဆလိုင်းငယ်ပီးက “ ညနေသုံးနာရီ ချိန်လောက်မှာ တစ်မြို ့လုံးကလူတွေအားလုံးက မြို့အဝင်ကနေကြိုဆိုကြ မှာဖြစ် တယ်။ မနက်ဖြန်တော့ ဘုရားကျောင်းကြီးထဲမှာ မွန်းတည့် ၁၁ နာရီမှာ ဘုရား ဝတ်ပြုဆုတောင်း ချိ်န်ကိုနှစ်နာရီကြာ ကျင်းပပြီး မြေမြှုပ်သဂြိုလ်ခြင်း အစီအစဉ် ကို ဆက်လက် ပြုလုပ်သွားမယ်” ဟုပြောသည်။

ယနေ့ ညနေစျာပနာခန်းနားအစီအစဉ်များအနေဖြင့် FBCA မှ ရး၃၀ - ၈ း ၀၀ pm ၊ LBA မှ ၈ း ၃၀ - ၉ း၃၀ pm ၊CBC မှ ၁၀ း ၃၀- ၁၁ း ၃၀ pm ၊ FCC မှ ၁၂ း ၁- ၁ း ၀၀ am ၊ FECF မှ ၅ း ၃၀ - ၆ း၃၀ am အထိဦးဆောင်ပြုလုပ်သွားမည်ဟုသိရသည်။

ဖလမ်းမြို့တွင် ပြုလုပ်မည့် ဒေါက်တာဇလှေထန်း၏ ရုပ်ကလပ် စျာပနာအခမ်း အနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် ချင်းအမျိုးသားတပ်ဦး ဒု - ဥက္ကဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းတို့လည်း တက်ရောက်မည်ဖြစ် ကြောင်း သိရသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...