၀ါရင့် ချင်းနိုင်ငံရေးခေါင်းဆောင် ဖြစ်သည့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ် ဖြစ်သည့်အမေရိကတွင် သေဆုံးပြီး နှစ်လနီးပါးအကြာတွင် သူ၏ရုပ်ကလပ်မှာ မွေးရပ်မြေဖြစ်သည့် ဖလမ်းမြို ့တွင် ယနေ့ရောက်ရှိတော့မည်ဖြစ်ပြီး ဒေသခံများမှ လည်း ခမ်းနားစွာကြိုဆိုပြီး စျာပနာအခန်းအနား နှင့် မြေမြှုပ်သဂြိုလ်မည့် အစီအစဉ်ကို မေ ၅ ရက် နေ ့မွန်းလွဲချိ်န် ၂ နာရီချိန်တွင်ပြုလုပ်မည်ဟု ရုပ်က လပ်ကြိုဆိုရေး ကော်မတီဖွဲ ့ဝင် ဆလိုင်းငယ်ပီးကပြောသည်။
ဒေါက်တာဇလှေထန်း၏ ရုပ်ကလာပ်ကို ကလေးမြို ့မှ ဖလမ်းမြို ့သို့ ယနေ ့နံနက်ပိုင်း ဆယ်နာရီဝန်းကျင်တွင် သယ်ဆောင်သွားပြီဖြစ်ပြီး ညနေပိုင်းတွင် ဖလမ်းမြို့သို့ ရောက်ရှိမည်ဖြစ်သည်။
ရုပ်ကလပ်ကြိုဆိုရေးကော်မတီအဖွဲ့ဝင် ဆလိုင်းငယ်ပီးက “ ညနေသုံးနာရီ ချိန်လောက်မှာ တစ်မြို ့လုံးကလူတွေအားလုံးက မြို့အဝင်ကနေကြိုဆိုကြ မှာဖြစ် တယ်။ မနက်ဖြန်တော့ ဘုရားကျောင်းကြီးထဲမှာ မွန်းတည့် ၁၁ နာရီမှာ ဘုရား ဝတ်ပြုဆုတောင်း ချိ်န်ကိုနှစ်နာရီကြာ ကျင်းပပြီး မြေမြှုပ်သဂြိုလ်ခြင်း အစီအစဉ် ကို ဆက်လက် ပြုလုပ်သွားမယ်” ဟုပြောသည်။
ယနေ့ ညနေစျာပနာခန်းနားအစီအစဉ်များအနေဖြင့် FBCA မှ ရး၃၀ - ၈ း ၀၀ pm ၊ LBA မှ ၈ း ၃၀ - ၉ း၃၀ pm ၊CBC မှ ၁၀ း ၃၀- ၁၁ း ၃၀ pm ၊ FCC မှ ၁၂ း ၁- ၁ း ၀၀ am ၊ FECF မှ ၅ း ၃၀ - ၆ း၃၀ am အထိဦးဆောင်ပြုလုပ်သွားမည်ဟုသိရသည်။
ဖလမ်းမြို့တွင် ပြုလုပ်မည့် ဒေါက်တာဇလှေထန်း၏ ရုပ်ကလပ် စျာပနာအခမ်း အနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် ချင်းအမျိုးသားတပ်ဦး ဒု - ဥက္ကဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းတို့လည်း တက်ရောက်မည်ဖြစ် ကြောင်း သိရသည်။







