လေဖိအားနည်းရပ်ဝန်း အားပျော့သွားခဲ့သော်လည်း မွန်ပြည်နယ်ဘက်သို့ရောက်ရှိ

လေဖိအားနည်းရပ်ဝန်း အားပျော့သွားခဲ့သော်လည်း မွန်ပြည်နယ်ဘက်သို့ရောက်ရှိ

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း  အားပျော့သွားခဲ့သော်လည်း မွန်ပြည်နယ်ဘက်သို့ရောက်ရှိလာကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က မေလ ၂ ရက် နေ့လည်ပိုင်းတွင် သတိပေးထားသည်။

မေလ ၂ ရက်နေ့ နံနက်(၁ဝး၄၅)နာရီတိုင်းတာချက်များအရ လေဖိအားနည်းရပ်ဝန်းသည် မေလ ၁ ရက် ညပိုင်းမှ စတင်ကာ မေလ၂ ရက်နေ့ နံနက်ပိုင်းအထိ အားအနည်းငယ်ပြန်ကောင်းလာပြီး မွန်ပြည်နယ်ပေါ်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် မေလ ၁ ရက်ညနေပိုင်းတွင် မုတ္တမကွေ့အတွင်းမှ ကုန်တွင်းကိုဖြတ်ကျော်နေခဲ့ပြီး အား သိသိသာသာ   လျော့ကျလာခဲ့သည်။ သို့ရာတွင် ကမ်းရိုးတန်းဒေသများတွင် Diurnal Effect ဖြင့် တိုက်ခတ်လေ့ရှိသော ကုန်းလေ-ပင်လယ်လေတို့၏ သဘာဝ ကြောင့် ညပိုင်းဝင်လာသည်နှင့်   လေတိုက်ခတ်မှုများ ပြောင်းလဲသွားကာ (နေ့ SSW၊ ည SSE) လေထု မငြိမ်သက်မှု ပြန်လည်အားကောင်းလာပြီး တိမ်တိုက်များ ပြည်လည် စုစည်းအားကောင်းလာခဲ့ကာ မွန်ပြည်နယ်ဖက်သို့ ပြန်ဆင်းလာခဲ့သည်ဟု ဦးထွန်းလွင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

လတ်တလောတွင် လေဖိအားနည်းရပ်ဝန်းသည် ကုန်းတစ်ဝက်ရေတစ်ဝက်အနေအထားရှိနေသောကြောင့် မုန်တိုင်းဖြစ်လာရန် အလားအလာနည်းနေသေးကြောင်း သိရသည်။

မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းနှင့် ကမ်းလွန်ဒေသများတွင် လေ(တစ်နာရီ ၃၀-၃၅ မိုင်ခန့်) နှင့် လှိုင်း (အမြင့် ၅-၈ ပေ)ခန့် ရှိနိုင်ပြီး နေရာစိပ်စိပ်မှ အနှံ့အပြားမိုးရွာနိုင်ကြောင်း သိရသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...