တိုင်းဒေသကြီးတိုင်း ၃ တိုင်း၌"ငြိမ်းချမ်းပါစေ မြန်မာပြည်" ကမ်ပိန်း ပြုလုပ်မည်

တိုင်းဒေသကြီးတိုင်း ၃ တိုင်း၌"ငြိမ်းချမ်းပါစေ မြန်မာပြည်" ကမ်ပိန်း ပြုလုပ်မည်
by -
တင်ရွှေ

မကွေးတိုင်း အပါအဝင် တိုင်းဒေသကြီးတိုင်း ၃ တိုင်းရှိ မြို့နယ် ​နေရာအသီးသီး၌ ​ဒေသတွင်း ငြိမ်းချမ်းခြင်းမှသည်​ မြန်​မာပြည်​တစ်​ဝှမ်းငြိမ်းချမ်းခြင်းဆီကို ​ရှေ့ရှုလျက်​ " ငြိမ်းချမ်းပါ​စေ မြန်​မာပြည်​ ကမ်​ပိန်း" တစ်​ခုကို မေလ ၆ ရက်နေ့တွင် ပြုလုပ်​သွားမည်​ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းထံမှ သိရသည်။

မ​ကွေးတိုင်းဒေသကြီးအတွင်းမှ ​ချောက်​၊ ​ရေနံ​ချောင်း၊ ပွင့်ဖြူ၊ မ​ကွေး ၊ပခုက္ကူ ၊​ ရေစကြို ၊အောင်​လံမြို့ ၇ မြို့မှာ လက်​ကမ်​းစာ​စောင်​များ ဝေငှခြင်​း ပြုလုပ်​၍ တစ်​မြို့နယ်​လျှင် လက်​ကမ်​းစာ​စောင်​ အစောင်ရေ ၁၀၀၀ ​ဝေငှသွားမည်​ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မကွေးတိုင်းဒေသကြီး တာဝန်ခံ ဦးကိုကိုနိုင်က ပြောသည်။

"လူမှုကွန်ယက်Facebook ​ပေါ်တွင် ချိုသာ​သော စကားများကို ငြိမ်းချမ်းစွာ​ ပြောဆိုခြင်းဖြင်​့ တိုင်းပြည်​ငြိမ်းချမ်း​ရေး၊ ​ဒေသတွင်းငြိမ်းချမ်း​ရေးကို  ဝိုင်းဝန်းထိန်းသိမ်းကူညီရာ ရောက်နိုင်တဲ့အတွက် ဒီရည်​ရွယ်​ချက်နဲ့ ပြုလုပ်မှာဖြစ်ပါတယ်" ဟု ဦးကိုကိုနိုင်က ဆိုသည်။

ယင်းကမ်ပိန်းပြုလုပ်ခြင်းကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် အရပ်ဖက်အဖွဲ့အစည်းအချို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု  Women Club ဥက္ကဌ  ဒေါ်ကြူကြူခိုင်က ပြောသည်။

" ဒီလို ကမ်ပိန်းတွေပြုလုပ်ပေးခြင်းအားဖြင့် တစ်ဦးနဲ့တစ်ဦး မေတ္တာတရားတွေနဲ့ အပြန်အလှန်ဆက်ဆံလာရင် ငြိမ်းချမ်းရေးဆိုတာ မဝေးတော့ပါဘူး။ အဓိက ကတော့ မေတ္တာတရားနဲ့ ရေရှည်ဆက်ဆံကြဖို့လိုအပ်ပါတယ်" ဟု ဒေါ်ကြူကြူခိုင်က ပြောသည်။

အဆိုပါငမ်ပိန်းအပေါ် ကျေးရွာနေဒေသခံများက ကြိုဆိုခဲ့ကြကြောင်း တွေ့ရသည်။

"  လောကကြီးမှာ သေနတ်နဲ့ပစ်မှ လူသေစေတာမဟုတ်ဘူး။ ဖေ့ဘုတ်ပေါ်ကနေ လူတစ်ယောက်ရဲ့  ဂုဏ်သိက္ခာ၊လူတစ်ယောက်မှာ ရှိတဲ့ စိတ်ဓာတ်တွေကို သေစေ၊ သတ်နိုင်သလို ရှိနေတာကြောင့် မလိုလားအပ်တဲ့ ပြသနာမျိုးတွေ၊ ဒေသတွင်း ငြိမ်းချမ်းရေးကို အနှောက်အယှက် ဖြစ်စေတဲ့  အကြောင်းအရာမျိုးတွေ မဖြစ်စေဖို့ ရည်ရွယ်ချက် ကောင်းကောင်းနဲ့ အခုလို ကမ်းပိန်းတွေ လုပ်မယ်ဆိုတာကို ကြိုဆိုပါတယ်" ဟု ပွင့်ဖြူမြို့နယ် ဇီးတောကြီးကျေးရွာမှ ကိုစိုးပိုင်ကပြောသည်။

မ​ကွေးတိုင်​းဒေသကြီး၊ဧရာဝတီတိုင်​းဒေသကြီးနှင့် ပဲခူးတိုင်​းဒေသကြီး တိုင်း၃ တိုင်းရှိ တစ်တိုင်းလျှင်  မြို့နယ်(၆)မြို့နယ် ​နေရာအသီးသီး၌ မေလ ၆ ရက်နေ့တွင် အဆိုပါ ကမ်ပိန်းအား တစ်​ပြိုင်​တည်​း ပြုလုပ်​သွားမည်​ဖြစ်သည်ဟု သိရသည်။

Most read this week

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...