ကယားပြည်နယ်အတွင်း ရေရှားပါးမှုပြသာနာကို ပြည်နယ်အစိုးရက ကျပ် ၃ ဘီယံအသုံးပြုရန်လျာထား

ကယားပြည်နယ်အတွင်း ရေရှားပါးမှုပြသာနာကို ပြည်နယ်အစိုးရက ကျပ် ၃ ဘီယံအသုံးပြုရန်လျာထား
by -
စိုးသူအောင်

ကယားပြည်နယ်အတွင်းရှိ ရေရှားပါးသည့်ဒေသများသို့ ရေပေးဝေနိုင်ရေးအတွက် ကယားပြည်နယ်အစိုးရမှ ငွေကျပ် ၃ ဘီလီယံ အသုံးပြုကာဖြေရှင်း ဆောင်ရွက်သွားရန် လျာထားကြောင်း သိရသည်။

ဒီမော့ဆို၊ ဖရူဆိုနှင့်လွိုင်ကော်အစွန်အဖျားနေရာများသည် ရေအင်မတန်ခက်ခဲသည့် နေရာများဖြစ်သည့် အတွက် ၅ နှစ်အတွင်းဖြေရှင်း ဆောင်ရွက်နိုင်ရန် ယုံကြည်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက ပြောသည်။

“ ရရှိတဲ့ဘတ်ဂျက်အပေါ်မူတည်ဆောင်ရွက်ပေးရတာဖြစ်တဲ့အတွက်ကြောင့် အရှိန်အဟုန်နဲ့ မဆောင်ရွက်နိုင် သေးပါဘူး။ ဒါပေမယ့် စပြီးတော့ ဆောင်ရွက်နေပါပြီ “ ဟု ၄င်းကဆိုသည်။

အထက်ပါနေရာများရှိ ရေအခက်အခဲများကိုဖြေရှင်းနိုင်ရန် နမ့်တဘက်ချောင်း၊ ပွန်ချောင်း တို့ကနေ ရေပေးဝေနိုင်ရန် ငွေကျပ် ၃ ဘီလီယံ အသုံးပြုရန် လျာထားကာ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောသည်။

ကယားပြည်နယ်အစိုးရအဖွဲ့၏ ဒုတိယတစ်နှစ်တာအတွင်း လုပ်ဆောင်ခဲ့သည်များနှင့် ပက်သက်၍ အစိုးရသတင်းစာမှ တစ်ဆင့် ပြည်သူသို့တင် ပြချက်တွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၁၆ခုနှစ်အတွင်းကလည်း အယ်နီညို ရာသီဥတု၏ ဆိုးရွားစွာ သက်ရောက်မှုကြောင့် ရေတွင်းရေကန်များ ခမ်းခြောက်ခြင်း၊ မြေအောက်ရေများ ခန်းခြောက်လာခြင်း၊ သဘာဝ စိမ့်စမ်းရေများ ခမ်းခြောက်လာခြင်းများ ဖြစ်ပေါ်ကာ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရေရှားပါးမှုဒဏ်ကို ဆိုးဝါးစွာ ခံစားခဲရသေးသည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...