မူးယစ်ဆေးသယ်ဆောင်လာသူများအား KNU တပ်ရင်း (၂ဝ၃) ငြိမ်းချမ်းရေးအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီး

မူးယစ်ဆေးသယ်ဆောင်လာသူများအား KNU တပ်ရင်း (၂ဝ၃) ငြိမ်းချမ်းရေးအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီး
by -
ရဲနိုင်(လောက်ကိုင်)

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ မဏ္ဍိုင်-ရတနာပုံလမ်း၊ ဒေသအခေါ် ၁၆ မိုင်တွင် မူးယစ်ဆေး သယ်ဆောင်လာသူများအား KNU တပ်ရင်း (၂ဝ၃) ငြိမ်းချမ်းရေးအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ဧပြီလ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

KNU တပ်ရင်း (၂ဝ၃) ငြိမ်းချမ်းရေးအဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီး အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်ရေးအဖွဲ့ ဝင် (JMC) မှ ဖဒိုထူးစောဦးစီးအဖွဲ့က ဧပြီလ ၁၄ ရက်၊ ည ၈ နာရီခွဲခန့်အချိန် အဆိုပါ ၁၆ မိုင်တွင် အောင်ဆန်း ထွေးဆိုသူ မောင်းနှင်ပြီး စိုးကိုကိုဆိုသူ လိုက်ပါလာသည့် မော်တော်ယာဉ်အား စစ်ဆေးရန် တားဆီးခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရသည်။

ထိုသို့ ယာဉ်ကို  မောင်းနှင်ထွက်ပြေးသဖြင့်  ဖဒိုထူးစောဦးစီးအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်တားဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်ပါရှိသည့် စိုးကိုကိုဆိုသူ၏  ယာတင်ပါးတွင် သေနတ်ဒဏ်ရာများ ရရှိခဲ့ပြီး ၎င်းအားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းဖြစ်သူ အောင်ဆန်းထွေးဆိုသူူမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ယာဉ်ပေါ် ရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၆၅ ပြား ၊ အိုက်စ် ၁ ဒသမ ဝ၂၈၇၉ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အသက် ၂၃ နှစ်အရွယ် စိုးကိုကိုနှင့် ထွက်ပြေး လွတ်မြောက်နေသည့် အသက် ၃ဝ အရွယ် အောင်ဆန်းထွေးဆိုသူတို့ကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ထွက်ပြေး လွတ်မြောက်နေသည့် အောင်ဆန်းထွေးကို စုံစမ်းရှာဖွေနေကြောင်း သိရသည်။

Most read this week

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...