ရက္ခိုင့်တပ်မတော်(AA) သည် ကိုယ်ပိုင်ပြဌန်းခွင့်အတွက် စံပြတော်လှန်ရေးတပ်ဖြစ်ကြောင်း ကူကီးအမျိုးသားတပ်မတော်မှ ကိုဂုဏ်ပြုသဝဏ်လွှာပို့

ရက္ခိုင့်တပ်မတော်(AA) သည် ကိုယ်ပိုင်ပြဌန်းခွင့်အတွက် စံပြတော်လှန်ရေးတပ်ဖြစ်ကြောင်း ကူကီးအမျိုးသားတပ်မတော်မှ ကိုဂုဏ်ပြုသဝဏ်လွှာပို့

ရက္ခိုင့်တပ်မတော် (AA) သည်ကိုယ်ပိုင်ပြဌန်းခွင့်နှင့် ကိုယ့်ကံကြမ္မာဖန်တီးနိုင်ရေးအတွက် တော်လှန်တိုက်ပွဲဝင်နေသည့် စံနမူနာယူထိုက်သော စံပြတော်လှန်ရေးတပ်မတော် ဖြစ်ကြောင်း ကူကီးအမျိုးသားအစည်းအရုံး၊ ကူကီးအမျိုးသားတပ်မတော်(မြန်မာပြည်) မှ (၉) နှစ်မြောက် ရက္ခိုင့်တပ်မတော်(AA) နေ့ အခန်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့သည်။

အဆိုပါသဝဏ်လွှာတွင် ကိုးနှစ်အတွင်း ရက္ခိုင့်တပ်မတော်အနေဖြင့် ခိုင်မာတောင့်တင်းလာသော အင်အား၊ စည်းကမ်းသေဝပ်မှု၊ အမိန့်နာခံမှု၊ တိုက်ရည်ခိုက်ရည်များနှင့် အတွေ့အကြုံများသည် အံ့မခန်းကောင်းလောက်အောင်ပင် တိုးတက်လာသည်မှာ အလွန်ချီးကျူးစရာကောင်းကြောင်း၊ တော်လှန်ရေးရေးကာလတွင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်၊ သွေး၊ ချွေး ဘဝများကို ပေးလှူသွားသော (AA) မှ အာဇာနည်များနှင့် ရဲဘော်၊ ရဲမယ်အပေါင်းတို့အား ဂုဏ်ပြုကြောင်းပါရှိသည်။

ထို့အပြင် ကူကီးအမျိုးသားအစည်းအရုံးမှ ရက္ခိုင့်တပ်မတော်အား မြန်မာနိုင်ငံအနှံ့တွင် ပြောင်မြောက်စွာ တိုက်ပွဲဝင်နေသည့်အတွက် အလွန်ချီးကျူးဂုဏ်ပြုဖွယ်ကောင်းသော လုပ်ရပ်ဖြစ်သည်ဟုလည်း သဝဏ်လွှာတွင် ထည့်သွင်းရေးထားသည်။

ထို့အပြင် ရက္ခိုင့်ပြည်သူလူထုတစ်ရပ်လုံး၏ ခိုင်မာသောအားပေးထောက်ခံမှုများနှင့် ကောင်းမွန်သောအစဉ်အလာ၊ ဇွဲလုံ့လဝိရိယများနှင့် စွန့်လွှတ်ပေးဆပ်မှုများကြောင့် အချုပ်အခြာအာဏာအား မဝေးလှသော အနာဂတ်တွင် မုချအောင်မြင်စွာ ပြန်လည်ရယူပိုင်ဆိုင်နိုင်ကြမည်ဟု အခိုင်အမာယုံကြည်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်းရေးထားသည်။

ကူကီးအမျိုးသားအစည်းအရုံးသည် မြန်မာနှင့် အိန္ဒိယနယ်စပ်ပြည်နယ်ဖြစ်သည့် မဏိပူရပြည်နယ်အတွင်း အခြေစိုက်ပြီး ကူကီးအမျိုးသားပြည်နယ် ရရှိရေးအတွက် အိန္ဒိယအစိုးရထံ တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းဖြစ်သည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...