ဖလမ်းပြည်သူ့ ဆေးရုံတွင် ရေရှားပါးမှု မဖြေရှင်းနိုင်သေး

ဖလမ်းပြည်သူ့ ဆေးရုံတွင် ရေရှားပါးမှု မဖြေရှင်းနိုင်သေး

ဖလမ်းမြို့ ပြည်သူ့ဆေးရုံး၌ ရေရှားပါးမှုသည့်အတွက် ဆေးရုံဝန်ထမ်းများအပါအဝင် လူနာများပါ အခက်ကြုံရလျက်ရှိကြောင်းသိရသည်။

“ကျွန်တော်တို့ကတော့ ကျေးရွာတွေကို အဓိက တွက်ပေးတာပေါ့၊ သူတို့က အဝေကြီးကနေ ဖလမ်းကို လာကြတယ်၊ ရေမရှိတော့ ဆရာဝန်တွေလည်း ဖလမ်းကို မလာချင်ကြဘူး၊ အဲဒါကို ဒေသခံများက ဘယ်လိုလုပ်ပေးကြမလဲ စဉ်းစားနေတယ်၊ ဖလမ်းမြို့တွင်း ဖွံ့ဖြိုးရေးအတွက် watch group ထောင်ရင်ကောင်းမယ်လား လို့အခုလည်း တိုင်ပင်နေတယ်” ဟု ဖလမ်းဒေသခံ ဆရာ ထောင်းဘိတ်က ပြောသည်။

သူကဆက်ပြီး “ ကျွန်တော်တို့လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားကြတယ်၊ အခုတော့ Company ကလာလုပ်ပေးတော့ ကျွန်တော်တို့လည်း သူတို့တာဝန်လို့ ယုံကြည်ပြီး နေကြတယ်၊ ကောင်းကောင်းမလုပ်ကြတော့ ဆရာဝန်တွေလည်း ကြာကြာမနေချင်ကြဘူး” ဟုဆက်ပြောသည်။

ဖလမ်းမြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ Pu Dar က “သူတို့ရေမရဘူးလို့တော့ ကျွန်တော်မသိဘူး၊ ပိုက်လိုင်းပျက်တော့ ကျွန်တော်လည်း မသိဘူးဝယ်ရင် ဝယ်ကြမှာပေါ့၊ ဖလမ်းထက်တော့ ဟားခါးဆိုရင် ပိုဝယ်ကြတယ်၊ အစိုးရအနေနဲ့တော့ ရေပို့ပေးတာတော့ မရှိဘူး၊ request ရှိရင်တော့ KBZ ကားနဲ့ပို့တာတွေရှိတယ်” ဟုပြောသည်။

ဆက်ပြီး သူက ”ရေကတော့ ဧပြီလနဲ့မေလမှာတော့ အကုန်လုံးရေခမ်းနေတယ်၊ နွေရာသီဆိုတော့ ရေယူတဲ့ အရင်းအမြစ်ဖက်က ရေခမ်းနေတော့ အကုန်လုံးက ခက်ခဲကြုံနေကြတယ်၊ ပြည်သူတွေကတော့ ပြောကြတယ်၊ ကျွန်တော်တို့ကတော့ တတ်နိူင်သလောက် ကြိုးစားနေတယ်၊ ရေသွယ်ပိုက်လိုင်းကိုတော့ ဘယ်Company ကတာဝန်ယူလုပ်တယ်တော့ မသိဘူး” ဟု ဖလမ်းစည်ပင် ဥက္ကဌ ကဆက်ရှင်းပြသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...