ဖလမ်းပြည်သူ့ ဆေးရုံတွင် ရေရှားပါးမှု မဖြေရှင်းနိုင်သေး

ဖလမ်းပြည်သူ့ ဆေးရုံတွင် ရေရှားပါးမှု မဖြေရှင်းနိုင်သေး

ဖလမ်းမြို့ ပြည်သူ့ဆေးရုံး၌ ရေရှားပါးမှုသည့်အတွက် ဆေးရုံဝန်ထမ်းများအပါအဝင် လူနာများပါ အခက်ကြုံရလျက်ရှိကြောင်းသိရသည်။

“ကျွန်တော်တို့ကတော့ ကျေးရွာတွေကို အဓိက တွက်ပေးတာပေါ့၊ သူတို့က အဝေကြီးကနေ ဖလမ်းကို လာကြတယ်၊ ရေမရှိတော့ ဆရာဝန်တွေလည်း ဖလမ်းကို မလာချင်ကြဘူး၊ အဲဒါကို ဒေသခံများက ဘယ်လိုလုပ်ပေးကြမလဲ စဉ်းစားနေတယ်၊ ဖလမ်းမြို့တွင်း ဖွံ့ဖြိုးရေးအတွက် watch group ထောင်ရင်ကောင်းမယ်လား လို့အခုလည်း တိုင်ပင်နေတယ်” ဟု ဖလမ်းဒေသခံ ဆရာ ထောင်းဘိတ်က ပြောသည်။

သူကဆက်ပြီး “ ကျွန်တော်တို့လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားကြတယ်၊ အခုတော့ Company ကလာလုပ်ပေးတော့ ကျွန်တော်တို့လည်း သူတို့တာဝန်လို့ ယုံကြည်ပြီး နေကြတယ်၊ ကောင်းကောင်းမလုပ်ကြတော့ ဆရာဝန်တွေလည်း ကြာကြာမနေချင်ကြဘူး” ဟုဆက်ပြောသည်။

ဖလမ်းမြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ Pu Dar က “သူတို့ရေမရဘူးလို့တော့ ကျွန်တော်မသိဘူး၊ ပိုက်လိုင်းပျက်တော့ ကျွန်တော်လည်း မသိဘူးဝယ်ရင် ဝယ်ကြမှာပေါ့၊ ဖလမ်းထက်တော့ ဟားခါးဆိုရင် ပိုဝယ်ကြတယ်၊ အစိုးရအနေနဲ့တော့ ရေပို့ပေးတာတော့ မရှိဘူး၊ request ရှိရင်တော့ KBZ ကားနဲ့ပို့တာတွေရှိတယ်” ဟုပြောသည်။

ဆက်ပြီး သူက ”ရေကတော့ ဧပြီလနဲ့မေလမှာတော့ အကုန်လုံးရေခမ်းနေတယ်၊ နွေရာသီဆိုတော့ ရေယူတဲ့ အရင်းအမြစ်ဖက်က ရေခမ်းနေတော့ အကုန်လုံးက ခက်ခဲကြုံနေကြတယ်၊ ပြည်သူတွေကတော့ ပြောကြတယ်၊ ကျွန်တော်တို့ကတော့ တတ်နိူင်သလောက် ကြိုးစားနေတယ်၊ ရေသွယ်ပိုက်လိုင်းကိုတော့ ဘယ်Company ကတာဝန်ယူလုပ်တယ်တော့ မသိဘူး” ဟု ဖလမ်းစည်ပင် ဥက္ကဌ ကဆက်ရှင်းပြသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...