မွန်ပြည်သစ်ပါတီ၏ မွန်လူထုတွေ့ဆုံပွဲ ကို ရေးချောင်းဖျားရှိ ညီစားစခန်းတွင်ပြုလုပ်မည်

မွန်ပြည်သစ်ပါတီ၏ မွန်လူထုတွေ့ဆုံပွဲ ကို ရေးချောင်းဖျားရှိ ညီစားစခန်းတွင်ပြုလုပ်မည်
by -
ဇေယျာမော်

မွန်ပြည်သစ်ပါတီ၏ အကြိုလူထုတွေဆုံပွဲကို မွန်ပြည်နယ် ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသားပညာရေး ဗဟိုဌာန အခြေစိုက်ရာ ညီစားစခန်း၌ လာမည့် ဧပြီလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ၃ ရက်တာ ကျင်းပသွားမည် ဟု ကျင်းပရေးကော်မတီ၏ ဖိတ်ကြားစာအရ သိရသည်။

အဆိုပါ ကျင်းပမည့် မွန်ပြည်သစ်ပါတီ၏ အကြိုလူထုတွေ့ဆုံပွဲကို တက်ရောက်ရန် ကျင်းပရေးကော်မတီမှ ဖိတ်ကြားထားသည်ဟု မွန်သတင်းအေဂျင်စီအယ်ဒီတာချုပ် နိုင်ဗညားအောင်က မဇ္စျိမ၏ ဆက်သွယ်မေးမြန်းမှု ကို အတည်ပြုဖြေဆိုခဲ့သည်။

"လူထုတွေ့ဆုံပွဲကို မွန်အမျိုးသားပညာရေးဗဟိုဌာန အခြေစိုက်ရာ ရေးချောင်းဖျားဒေသ ညီစားစခန်းတွင် 9-10-11/4/ 2018 ၃ ရက်ကြာကျင်းပမည်ဖြစ်သည့်အတွက် 8/4/ 2018 ရက်နေ့ အရောက် လာရောက်ပေးပါရန် ဘိတ်ကြားအပ်ပါသည်" ဟု ကျင်းပရေးကော်မတီ၏ ဖိတ်ကြားစာတွင်ရေးသားထားသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်အား လက်မှတ်ရေး ထိုးပြီးနောက် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခွင့်များရရှိထားပြီး ယင်းဆွေးနွေးပွဲများ မကျင်းပမီ လူထုတွေ့ဆုံပွဲများ ပြုလုပ်ရန် ကြိုးစားနေခြင်းလည်းဖြစ်သည်။

အဆိုပါအကြိုလူထုတွေ့ဆုံပွဲများကို မွန်ပြည်နယ်အတွင်းပြုလုပ်ပါက လွတ်လပ်စွာ လုပ်ဆောင်ခွင့် ရှိနေသော်လည်း ကရင်ပြည်နယ်အတွင်းပြုလုပ်မည့် နေရာသုံးခု၌ လူဦးရေ ၄၀ ထက်မပိုဘဲ ပြုလုပ်ရမည်ဟု တပ်မတော်ဘက်မှ တားမြစ်ခြင်းများ ရှိနေသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ( RCSS) နှင့် ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ(ALP) တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော်လည်း အကြိုလူထုတွေ့ဆုံပွဲများ ၊ လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပခွင့် မရရှိသေးပေ။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...