သင်္ကြန်ကာလအတွင်း ကလေးမြို့မှ ချင်းတောင်ကားလိုင်းများ ပုံမှန်ပြေးဆွဲမည်ဖြစ်သော်လည်း ကလေးမြို့မှ အခြားမြို့များသို့သွားသည့် ကားလိုင်းများ ရက်အကန့်အသတ်ဖြင့် ယဉ်လိုင်းပြေးဆွဲမှုရပ်နားမည်ဖြစ်ကြောင်း သိရသည်။
ကလေးမြို့ ကျော်ဇေယျကားလိုင်းမှ ဂိတ်တာဝန်ရှိသူ ကိုမုန်နိုးက “ ချင်းတောင်ဖက်ကားလိုင်းတွေကတော့ ပုံမှန်အတိုင်းကားတွေထွက်မယ်။ ဒါပေမယ့် ကလေးမြို့ကနေ တစ်မြို့တွေ၊ မြန်မာပြည်အောက်ပိုင်းဖက်သွားတဲ့ကားတွေကတော့ ၁၀ နောက်ပိုင်းမဆွဲတော့တာ၊ ၁၂ ရက်နေ့နောက်ပိုင်း မဆွဲတော့တာမျိုးရှိမယ်” ဟုပြောသည်။
ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းဖက်ခြမ်းသို့ တောင်ဇလပ်ကားလိုင်း၊ ချင်းတောင်တန်းကားလိုင်း၊ ရွှေခြသေ့င်္ကားလိုင်း၊ အေးချမ်းကားလိုင်း၊ ဖလမ်းသားကားလိုင်း၊ ဖိုင်ဇောင်းကားလိုင်းများပြေးဆွဲလျက်ရှိသည်။







