တရားမဝင် ကျွန်းခွဲသား ၂၂ တန်ကျော်အား ဗန်းမော်တွင် ဖမ်းမိ

တရားမဝင် ကျွန်းခွဲသား ၂၂ တန်ကျော်အား ဗန်းမော်တွင် ဖမ်းမိ
by -
ရဲနိုင်(လောက်ကိုင်)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ စင့်ကင်ကျေးရွာမြောက်ဘက် ၇ မိုင်ခန့်အကွာရှိ နေရာမှ တရားမဝင် ထုတ်လုပ်ထားသည့် ကျွန်းခွဲသား ၂၂ တန်ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ယနေ့ ဧပြီလ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ဗန်းမော်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့က ဧပြီလ ၂ ရက်နေ့တွင် သစ်များကို တရားမဝင်ထုတ်လုပ်နေမှုများအား ရှာဖွေဖမ်းဆီးခဲ့ရာမှ အဆိုပါ ကျွန်းသစ်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စင့်ကင်ကျေးရွာမြောက်ဘက် ၇ မိုင်ခန့်အကွာ နေရာမှ တရားမဝင်ထုတ်လုပ်ထားသည့် အလေးချိန် ၂၂ ဒသမ ဝ၁၄၂ တန်ရှိ ကျွန်းခွဲသားဆိုဒ်စုံ ၈၈၃ ချောင်းအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးရမိခဲ့သည့် သစ်များနှင့် ပတ်သက်၍ ဆက်စပ်တရားခံများကို ဥပဒေနှင့်အညီ အရေးယူနိုင် ရန် စုံးစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

အလားတူ ဧပြီလ ၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီး ကျေးရွာအနောက်ဘက်၊ လက်ပံဇင်ကျွန်းအနီးတွင် ၁၃ တန်ရှိ ကညင်သစ် ၁၁ လုံး ကိုပိုင်ရှင်မဲ့ဖမ်းမိခဲ့ပြီး ဧပြီလ ၂ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေကြက်ကျဘုရားတောင်ဘက်သဲဆိပ်အနီးတွင် Hino ၆ ဘီး ယာဉ်နှင့် Hino Ranger ၆ ဘီးယာဉ် ၂ စီးပေါ်မှ ၁ဝ တန်ကျော်ရှိ တရားမဝင်ပျဉ်းကတိုး/အင် ၅၀၀ ချောင်း အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...