နိုင်ငံ၏ ဖွံ့ဖြိုးမှုကို ကိန်းဂဏန်းများဖြင့် ပြည့်စုံအောင် ဖော်ပြမရနိုင်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

နိုင်ငံ၏ ဖွံ့ဖြိုးမှုကို ကိန်းဂဏန်းများဖြင့် ပြည့်စုံအောင် ဖော်ပြမရနိုင်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

နိုင်ငံ၏ ဖွံ့ဖြိုးမှုကို ကိန်းဂဏန်းများဖြင့် ပြည့်စုံအောင် ဖော်ပြမရနိုင်ဘဲ အဖြေမှန်ကို သိဖို့ခက်တယ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

" နိုင်ငံတစ်နိုင်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကိန်းဂဏန်းနဲ့ ပြည့်စုံအောင် ဖော်ပြလို့မရပါဘူး။ တစ်ခါတလေ အဖွဲ့စည်းများအကြား ကိန်းဂဏန်းတွက်ချက်မှု မတူတာကြောင့်မို့လို့ အဖြေမှန်ကို သိဖို့က ခက်ပါတယ်။ ကိန်းဂဏန်းတွေက ပြနေတဲ့အခြေအနေတွေဟာ ပြည်သူများရဲ့လူမှုဘဝစီးပွားရေး ဘယ်လောက်အစစ်အမှန် သက်ရောက်မှုရှိသလဲဆိုတာက အဓိကပါ။ ဥပမာ ယခင်နှစ်အတွင်းမှာ ကျွန်မတို့ ပြည်ပဆန်တင်ပို့မှုဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အမြင့်မားဆုံးအဆင့်ရောက်သွားပါတယ်။ ဒီတိုးတက်မှုဟာ ကျွန်မတို့နိုင်ငံ တောင်သူလယ်သမားများအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲလို့ ဆိုတာကတော့ ဒါကအဓိကပါပဲ။ ဒါတွေကိုဆန်းစစ်ပြီးမှ မူဝါဒချမှတ်လုပ်ဆောင်ဖို့ ပြင်ဆင်ရမှာပါ" ဟု ပြောကြားသည်။

ဧပြီလ ၁ ရက်နေ့က ပြောကြားသည့် နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်ခြင်း၂ နှစ်ပြည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် လာမယ့်နှစ်အတွင်းပြည်သူပြည်သားများအတွက် ဆောင်ရွက်ချက်များကို ထပ်မံသတ်မှတ်ပြီး နှစ်ကူးချိန်မှာ ချပြသွားမည်ဟု အဆိုပါမိန့်ခွန်းတွင် ပါရှိသည်။

အစိုးရ ရည်မှန်းချက်များတွင် ပြည်သူများဘဝ တိုးတက်မြင့်မားရေးပါဝင်နေပြီး ဘယ်လောက်အထိ တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့သလဲဆိုတာ ပြည်သူတွေကပဲဆုံးဖြတ်နိုင်မည်ဟု ထည့်သွင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ အပြောင်းအလဲကာလနှင့် ပတ်သက်ပြီး သမ္မတဟောင်းဦးထင်ကျော်အား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သမ္မတဦးဝင်းမြင့်အား ချီးကျူးဂုဏ်ပြုစကား ဆိုခဲ့သည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...