ဦးကိုကိုကြီးဦးဆောင်သော " ရှစ်လေးလုံးပါတီ”အစား " ရှစ်လေးလုံးပြည်သူ ့ပါတီ”ဟု ပြောင်းလဲမှတ်ပုံတင်မည်

ဦးကိုကိုကြီးဦးဆောင်သော " ရှစ်လေးလုံးပါတီ”အစား " ရှစ်လေးလုံးပြည်သူ ့ပါတီ”ဟု ပြောင်းလဲမှတ်ပုံတင်မည်

ဦးကိုကိုကြီး ဦးဆောင်သော “ရှစ်လေးလုံးပါတီ”အစား “ရှစ်လေးလုံးပြည်သူ ့ပါတီ”ဟု ပြောင်းလဲမှတ်ပုံတင်မည်ဖြစ်ကြောင်း နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ အရေးပေါ်စုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ သိရသည်။

အစည်းအဝေးကို ယနေ့ ဧပြီလ ၁ ရက်နေ့ တနင်္ဂနွေနေ ့ နံနက်(၁ဝးဝ၀)နာရီမှ နေ့လည်(၂းဝ၀)နာရီအထိ ရန်ကုန်မြို့ မြကျွန်းသာဥယျာဉ်ဝင်းအတွင်းရှိ ခိုင်လီ(Kai Li) စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတက်ရောက်လာသော ကိုယ်စားလှယ်အများစု ဆန္ဒသဘောထားဖြင့် ပါတီအမည်ကို “ရှစ်လေးလုံးပြည်သူ ့ပါတီ” ဟု ပြောင်းလဲမှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

အစည်းအဝေးသို ့တိုင်း(၇)တိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ချင်းပြည်နယ်တို ့မှ ကိုယ်စားလှယ်များ၊ ဗဟိုဦးဆောင်ကော်မတီအဖွဲ ့ဝင်များ၊ ဗဟိုကော်မတီအဖွဲ ့ဝင်များ၊ ပါတီတည်ထောင်လိုသူများ၊ ဗဟိုလုပ်ငန်းကော်မတီအဖွဲ ့ဝင်များ စုစုပေါင်း(၉၂)ယောက် တက်ရောက်ခဲ့သည်။

အစည်းအဝေးကို နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဦးဆောင်အဖွဲ ့တာန်ခံ ဦးကိုကိုကြီး၊ ဦးဆောင်ကော်မတီအဖွဲ ့ဝင် ဦးမင်းဇေယျတို့လည်း တက်ရောက်ခဲ့သည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...