ဒေသတွင်း​ အခက်အခဲပြဿနာများကို စာအုပ်များက ဖြေရှင်းနိုင်ဟု ဆွေးနွေး

ဒေသတွင်း​ အခက်အခဲပြဿနာများကို စာအုပ်များက ဖြေရှင်းနိုင်ဟု ဆွေးနွေး
by -
စောပဏ်

ဒေါ်သန်းမြင့်အောင် ဦးစီးပြီး မွန်​ပြည်​နယ်​ သထုံမြို့နယ်​ သုဝဏ္ဏဝတီမြို့ သိမ်​ဆိပ်​​ကျောင်​းကြီး၌ မတ်လ ၂၈ ရက်တွင် " လူမှုဖွံ့ဖြိုးရေးနှင့် မင်္ဂလာတရား သင်တန်း"ပြုလုပ်ခဲ့ပြီး ဒေသတွင်​း အခက်​အခဲပြဿနာများကို စာအုပ်​က ​ဖြေရှင်​းနိုင်ကြောင်း ဆွေးနွေးပြောခဲ့ကြသည်။

"ဒေသတွင်း အခက်အခဲ ပြဿနာတွေကို စာကြည့်တိုက်က လုပ်လို့ရတယ်။ စာအုပ်က ဖြေရှင်းနိုင်တယ်။ ဆရာ ဆရာမတို့ သားတို့ သမီးတို့ရဲ့ သထုံမြို့ အပြောင်းအလဲ လမ်းကြောင်းကို စာဖတ်တဲ့ကလေးတွေဆီက  ရလာပါလိမ့်မယ်"ဟု ကိုမောင်မောင်စိုး( မြန်​မာနိုင်​ငံ စာကြည်​့တိုက်​များကွန်​ရက်​- Save The Library) က အကြံပြု ပြောသည်။

ဒေါ်သန်းမြင့်အောင်တည်ထောင်သော "အောင်~ဖောင်ဒေးရှင်း"၏ လမ်းညွှန်မှုဖြင့် မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ကျောင်းကြီး၌ မေတ္တာရောင်စဉ် ပရဟိတအသင်းနှင့် စေတနာလူမှု ကူညီရေးအသင်းတို့၏ ပဥ္စမအကြိမ် "လူမှုဖွံ့ဖြိုးရေးနှင့် မင်္ဂလာတရား သင်တန်း"ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မန္တလေးစာကြည့်တိုက် ငါးကင် ကိုဇော်ဇော်အား အကြောင်းပြု ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သထုံမြို့နယ် စာကြည့်တိုက်များကွန်ရက် ဖွဲ့စည်းနိုင်ခဲ့ပြီး သထုံခရိုင် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ခင်လေးနွယ်က  ဒေသခံပြည်သူများ စာကြည့်တိုက် အသုံးချလာရေးအတွက် အကြံပြုပေးပါရန် ဆွေးနွေးခဲ့သည်။

ထိုသို့ ဒေသတွင်းအခက်အခဲများကို စာအုပ်များဖတ်ခြင်းဖြင့် ဖြေရှင်းရေးကို စာကြည့်တိုက်မှူးက ထောက်ခံဆွေးနွေးသည်။

 သထုံ စိုက်ပျိုးရေး သိပ္ပံ ရွှေရတုစာကြည့်တိုက်၏ တွဲဖက်စာကြည့်တိုက်မှူး ဒေါ်ခင်ပပကျော်က  "စစ်မှန်တဲ့နိုင်ငံရေးဆိုတာ စီးပွားရေးတိုးတက်လာအောင်လုပ်တာပဲတဲ့။ အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးနိုင်ရမယ်  ။ ပညာရည်မြှင့်ပေးနိုင်ရမယ်။ ဒါကြောင့် ကိုမောင်မောင်စိုးရဲ့ အကြံပြုချက်ကို ကျွန်မ လက်ခံတယ်"ဟု ဆိုသည်။

အဆိုပါ လူမှုဖွံ့ဖြိုးရေးနှင့် မင်္ဂလာတရားသင်တန်းတွင် ဒေသဝန်းကျင်နီးစပ်ရာ ကျေးရွာများမှ လူငယ်မောင်/မယ်များတက်ရောက် သင်ယူကြပြီး ၎င်းပွဲသို့ မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး   ဒေါ်စံဝင့်ခိုင် လာရောက်ခဲ့သည်ဟု သိရသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...