ကျောက်မဲမြို့ တိုးဂိတ်တွင် တပ်မတော်နေ့မတိုင်ခင် မိုင်းနှစ်လုံးကွဲ

ကျောက်မဲမြို့ တိုးဂိတ်တွင် တပ်မတော်နေ့မတိုင်ခင် မိုင်းနှစ်လုံးကွဲ
by -
မျိုးပြည့်သင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တိုးဂိတ်တွင် တပ်မတော်နေ့မတိုင်ခင် မတ်လ၂၆ ရက်နေ့ ညပိုင်း၌ မိုင်းနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း ကျောက်မဲမြို့ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုဖြေကြားခဲ့သည်။

"မိုင်းကွဲတာတော့ဟုတ်တယ် ဒါပေမယ့်လောလောဆယ်မရှိဘူးဗျ အသေးစိတ်သိဖို့က၊  ၁၁နာရီ ၄၅လောက်က တစ်လုံး ၁၂နာရီကျော်လောက်မှာ တစ်လုံး"ဟု ဟု ကျောက်မဲမြို့ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။

ပေါက်ကွဲခဲ့သည့် ဗုံးအမျိုးအစားကို ပြောပြခြင်းမရှိသော်လည်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း ၄င်းကပြောသည်။

လက်ရှိအခြေအနေကိုဆက်လက်မေးမြန်းရာ မြို့ပေါ်မှလွဲလျှင် အကုန်လုံးက လက်နက်ကိုင်များဖြစ်ကြောင်း တာဝန်ကျရဲဝန်ထမ်းမှ ပြန်လည်ဖြေကြားခဲ့သည်။ ၄င်းညပိုင်းတွင် သေနတ်သံကြားခဲ့ရသည်ဟု လူမှုကွန်ရက်ပေါ်တွင်ပြန့်နှံ့ခဲ့သော်လည်း မြို့ပေါ်တွင်တည်ငြိမ်လျက်ရှိသည်ဟု ဆိုသည်။

လူမှုကွန်ရက်များပေါ်တွင်  မိုင်း ၃ လုံးပေါက်ကွဲသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

 

Most read this week

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...