ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ဦးတီခွန်မြတ်နှင့် ဒုဥက္ကဌအဖြစ် ဦးထွန်းထွန်းဟိန်ကိုရွေးချယ်

ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ဦးတီခွန်မြတ်နှင့် ဒုဥက္ကဌအဖြစ် ဦးထွန်းထွန်းဟိန်ကိုရွေးချယ်

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် မတ်လ (၂၁) ရက်နေ့က တာဝန်မှနှုတ်ထွက်သွားသည့်အတွက် ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒု-ဥက္ကဌဖြစ်သူ ဦးတီခွန်မြတ်ကို ဥက္ကဌအဖြစ်ရွေးချယ်ခဲ့ပြီး ဒုတိယဥက္ကဌအဖြစ် နောင်ချိုမဲဆန္ဒနယ်မှ ဦးထွန်းထွန်းဟိန်ကို ရွေးချယ်လိုက်ကြောင်းသိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဌနေရာအတွက် ကွတ်ခိုင်မဲဆန္ဒနယ်မှ လွှတ်တော်ဒုဥက္ကဌ ဦးတီခွန်မြတ်က မဲပေးခွင့်ရှိသူစုစုပေါင်း ၄၁၂ ဦးရှိသည့်အနက် ထောက်ခံမဲ ၂၈၀ ဖြင့် ပြိုင်ဖက် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးကို အနိုင်ရရှိခဲ့ပြီး ဥက္ကဌအဖြစ်ရွေးချယ်ခံခဲ့ရသည်။ ဦးသောင်းအေးမှာ  မဲပေးခွင့်ရှိသူစုစုပေါင်း၏ ထောက်ခံမဲ ၁၄၁ မဲရရှိခဲ့သည်။

ပြည်သူ့လွှတ်တော်ဒုဥက္ကဌနေရာအတွက် NLD ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ဟိန်နှင့် ပြည်ခိုင်ဖြိုးပါတီမှ မိတ္ထိလာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်း တို့အား သက်ဆိုင်ရာ ပါတီကိုယ်စားလှယ်တစ်ဦးက အဆိုပြုတင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပြုခံရသည့် ကိုယ်စားလှယ်နှစ်ဦးအား စက်ခလုတ်နှိပ်မဲပေးခဲ့ကြရာ မဲပေးခွင့်ရှိသူပေါင်း ၄၁၂ ဦးအနက် ဦးထွန်းထွန်းဟိန်က ထောက်ခံမဲပေါင်း ၂၇၀ ရရှိပြီး ပြိုင်ဖက် ဒေါက်တာမောင်သင်းမှ ထောက်ခံမဲပေါင်း ၁၄၃ ရရှိခဲ့သည်။

မတ်လ (၂၁) ရက်နေ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တာဝန်မှနှုတ်ထွက်ခဲ့သကဲ့သို့ ပြည်သူ့လွှတ် တော်ဥက္ကဌ ဦးဝင်းမြင့်လည်း တာဝန်မှနှုတ်ထွက်ခဲ့သည်။ ယာယီသမ္မတအနေဖြင့် သမ္မတရွေးချယ်စဉ် ဒုတိယမဲအများဆုံးရရှိခဲ့သည့် ဦးမြင့်ဆွေက ထမ်းဆောင်မည်ဖြစ်ပြီး နိုင်ငံတော်သမ္မတရွေးချယ်မှုကို (၇) ရက်အတွင်း ပြန်လည်ပြုလုပ်မည်ဖြစ်သည်။

May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...