ကျောက်မျက်ဥပဒေကြမ်း ကချင်ပါတီများနှင့် ဖားကန့်ဒေသခံများ ဆန္ဒပြ

ကျောက်မျက်ဥပဒေကြမ်း ကချင်ပါတီများနှင့် ဖားကန့်ဒေသခံများ ဆန္ဒပြ
by -
ဖနိဒါ

၂၀၁၇ ကျောက်မျက်ဥပဒေကြမ်းကို ကချင်ပြည်နယ် ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်ရှိ ကျောက်တိုင်ကွင်းတွင် ဒေသခံ ရာချီက မတ်လ ၁၉ ရက်က ဆန္ဒဖော်ထုတ်ခဲ့သည်။

အကြီးစားလုပ်ကွက် ဧက ၅၀ ကျောက်မျက်လုပ်ကွက်များကို ၁၀ နှစ် ပြဌာန်းမှု အလိုမရှိကြောင်း၊ ၂၀၁၇ ကျောက်မျက်ဥပဒေ အမြန်ဆုံးပြဌာန်းပေးတို့ အပါအဝင် စာတမ်းများကိုင်ဆောင်၍ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့သည်။

အဆိုပါ ၂၀၁၇ ကျောက်မျက်ဥပဒေကြမ်းကို ကချင်နိုင်ငံရေးပါတီ ၃ ပါတီက တောင်းဆိုမှုများကို လစ်လျုရှု၍ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်က သယံဇာတကော်မတီ ပြင်ဆင်ချက် ဥပဒေကြမ်း ထွက်ပေါ်လာသဖြင့် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်သည်ဟု ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) ဥက္ကဌ ဒေါက်တာအင်ကောန်လက ပြောသည်။

“ကျွန်တော််တို့ ကချင်ပါတီအဖွဲ့တွေ တောက်လျှောက်တောင်းဆိုနေတာကို လစ်လျုရှုပြီးတော့မှ သယံဇာတကော်မတီ ပြင်ဆင်ချက် ဥပဒေကြမ်း ထွက်လာတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့က အဲဒီမှာ မပါလို့၊ ကျွန်တော်တို့ ဒီဟာကို လူထူအင်အားပြတဲ့ နည်းလမ်းကို ကျင့်သုံးလာတာ ဖြစ်တယ်” ဟု ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) ဥက္ကဌ ဒေါက်တာအင်ကောန်လက ပြောသည်။

“အဓိက ၅ ချက်ဖြစ်တယ်။ နံပါတ်တစ်က အကြီးစားလုပ်ကွက်ကို ဧက ၅၀ ပြန်လုပ်ဖို့ လုပ်လာတယ်။ နံပါတ် နစ်က စက်ယန္တရား ကန့်သတ်ချက်မပါဘူး။ ဒီဟာကိုတောက်လျောက်ပြောတယ်။ မကန့်သတ်လို့ မဖြစ်ဘူးဆိုတာကို မလုပ်ဘူး။ လစ်လျုရှုထားတယ်။ နံပါတ်သုံးက အလုပ်ချိန်ပေါ့ နေ့ဆိုင်း၊ ညဆိုင်းလုပ်တာကို ကန့်သတ်ထားတယ်။ အလုပ်ချိန်ကန့်သတ်မှုမပါဘူး။ နံပါတ် ၄ က ကျောက်မျက် ထုတ်လုပ်ရေးပေါ့။ လုပ်ကွက်ဖော်ဆောင်မှုမှာ အဆိုပြုလာတဲ့ ဒေသခံ နိုင်ငံသားတွေရဲ့ ထုတ်လုပ်ရေး လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားတယ်။ အဲဒါက မမျှတဘူးပေါ့။ နံပါတ် ငါးက ဒီဥပဒေကို အမြန်ထွက်ဖို့ လိုအပ်တယ်။ အမြန်မထွက်မချင်းက ဥပဒေမဲ့တွေ လုပ်ဦးမှာ အဲဒါကိုလည်း အားနည်းနေတယ်။ အဲဒါကြောင့် အဲဒီ ငါးချက်ကို ဆန္ဒမှုတွေ ပေါ်လာတာ ဖြစ်တယ်”ဟု သူက ဆက်ပြောသည်။

ဆန္ဒပြမှုကို လူအင်အား ၈၀၀ ခန့် ပါဝင်ခဲ့ပြီး ဖားကန့်မြို့ ကို တစ်ပတ်ပတ်ကာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ပြီး ၂၀၁၇ ကျောက်မျက် ရတနာ ဥပဒေကြမ်း၏ အားနည်းချက်များကို ဆန္ဒပြမှု ဦးဆောင်သူ တစ်ဦးဖြစ်သူ ဒေါက်တာ အမ်ကွန်လ က ရှင်းလင်း ဟောပြောခဲ့သည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုကို ကချင်နိုင်ငံရေးပါတီ ၃ ပါတီဖြစ်သော ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)နှင့် ကချင်ဒီမိုကရက်တစ်ပါတီ (LDP)တို့ ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။

ကျောက်မျက်ရတနာ ဥပဒေကို ပြင်ဆင်ခြင်း မရှိပါက လူအင်အင်အားဖြင့် ဆန္ဒပြမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါက်တာအင်ကောန်လက ပြောသည်။

“ဥပဒေမပြင်ဆင်ဘူး။ လူထုဆန္ဒကို အဓိက ဒီကျောက်မျက်ဥပဒေက ကျနော်တို့ ကချင်ပြည်နယ်က အဓိကဘဲ။ ကချင်ပြည်နယ်ရဲ့ ကိုယ်စားပြုတဲ့ ကချင်အဖွဲ့တွေ ဒီလောက် ပြောတောကို ဆက်ပြီး လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့က ဒီထက်ကြီးတဲ့ အင်အားပြပွဲကို ကျွန်တော််တို့ ဆက်လုပ်မှာ ဖြစ်တယ်။ တခြားနည်းလမ်းတွေလည်း ဥပဒေဘောင်အတွင်းကနေ ကျင့်သုံးမှာဖြစ်တယ်”ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကို မြစ်ကြီးနားမြို့တွင် ကျောက်မျက်ရတာဥပဒေကြမ်းကို ဆန္ဒဖော်ထုတ်ခဲ့ သလို၊ ဖားကန့်မြို့တွင် ပထမအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ပြီး ယခု ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်။

Most read this week

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...