မိုင်းခေါင်စစ်ရှောင် ၂ ဦး အသတ်ခံရမှု တရားစွဲဆိုနိုင်ရန် မျက်မြင်သက်သေ ၅ ဦး၏ ထွက်ဆိုချက်များ လက်ခံ

မိုင်းခေါင်စစ်ရှောင် ၂ ဦး အသတ်ခံရမှု တရားစွဲဆိုနိုင်ရန် မျက်မြင်သက်သေ ၅ ဦး၏ ထွက်ဆိုချက်များ လက်ခံ
by -
ဖနိဒါ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မိုင်းခေါင်ရွာသား နှစ်ဦး အသတ်ခံရမှုအပေါ် အမှုဖွင့်နိုင်ရန်နှင့် တရားမျှတမှု ရရှိရန် မျက်မြင်သက်သေများကို စစ်ဆေးမေးမြန်းခဲ့သော ထွက်ဆိုချက်များကို မြို့နယ်အုပ်ချုပ်ရေး ရုံး၌လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

သေဆုံးသူများ၏ မိသားစုဝင် ၃ ဦးနှင့် မျက်မြင်သက်သေ ၂ ဦး တို့၏ ထွက်ဆိုချက်များကို မတ်လ ၁၅ ရက်နေ့တွင် မန်စီမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးတွင် တာဝန်ရှိသူက လက်မှတ်ရေးထိုးခိုင်းခဲ့သည်ဟု အမှုတွင်ကူညီပေးနေသော အရပ်ဘက်လူမှု့အဖွဲ့မှ ကိုဆိုင်းအောင်ဆမ်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့က  မိုင်းခေါင်ကျေးရွာရှိ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်မှ ဦးဖော်ဂန်ယော်နှင့် ကက်သလစ်အသင်းတော်မှ ဦးအင်ခွမ်နော်ဆန်းတို့ ပျောက်ဆုံးနေရာမှ မတ်လ ၈ ရက်နေ့တွင် သူတို့ နှစ်ဦး၏ အလောင်းကို ပြန်လည် တွေ့ရှိခြင်း ဖြစ်သည်။

မျက်မြင်သက်သေအဖြစ် ဦးအင်ခွမ်နော်ဆန့်၏ အစ်ကိုကြီး၊ ကိုဖောင်ဂန်ရော်၏ သားနှင့် ချွေးမနှင့် မျက်မြင် သက်သေ မိုင်းခေါင် ရွာသား ၂ ဦး စုစုပေါင်း ၅ ဦး၏ ထွက်ဆိုချက်များကို လက်မှတ်ရေးထိုးခဲ့သည်ဟု ကိုဆိုင်းအောင်ဆမ်က ပြောသည်။

“ဒီနေ့ကတော့ ဌာနဆိုင်ရာက မတ် ၁၃ ရက်နေ့က ၅ ယောက်ကို ခေါ်ပြီး ရဲစခန်းမှာ ထွက်ဆိုထားတာကို ဒီညနေ ပြန်လက်မှတ်ရေးထိုးတာပါ။ အကုန်လုံး ၁၆ ယောက်ရှိတယ်။ ကျန်တဲ့လူတွေက သူတို့မသိဘူးလို့ ပြောတယ်။”ဟု သူက မဇ္စျိမကို ပြောသည်။

တရားစွဲဆိုနိုင်ရန် မိသားစုဝင်များ၊ အခင်းဖြစ်ပွားခဲ့သော ခပရာယန်ကျေးရွာမှ အုပ်ချုုပ်ရေးမှူး၊ စစ်ရှောင်စခန်း တာဝန်ခံများ၊ အမှုတွင် ပါဝင်သည့် မျက်မြင်သက်သေများ အပါအဝင် ၁၆ ဦးကို စစ်ဆေး မေးမြန်းခဲ့သော်လည်း မျက်မြင်သက်သေ ၅ ဦး၏ ထွက်ဆိုချက်ကို လက်မှတ်ထိုးခဲ့ခြင်း ဖြစ်သည်။

Most read this week

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...