နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရန် လွှတ်တော်သဘောတူ

နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရန် လွှတ်တော်သဘောတူ
by -
အောင်မြတ်သူ

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် အာဆီယံ-သြစတြေးလျ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းမှု နားလည်မှု စာချွန်လွှာအား မြန်မာနိုင်ငံမှ ပါဝင်ရေးထိုးရေး ကိစ္စကို ယနေ့ ပြည်ထောင်စုလွှတ်တော် တွင် သဘောတူညီခဲ့ကြသည်။

ယနေ့ မတ်လ ၁၂ရက်နေ့က ကျင်းပပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အထက်ပါ အဆိုကို လွှတ်တော်ကိုယ်စားလှယ်ငါးဦးက ဆွေးနွေးမှု အပြီးတွင်   ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ က ၄င်းအဆိုကို ပြန်ရှင်းပြီးနောက် လွှတ်တော်၏အဆုံးအဖြတ်ရယူရာတွင် ယခုကဲ့သို့ သဘော တူညီခဲ့ခြင်းဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက “နားလည်မှု စာချွန်လွှာကိုလက်မှတ်ရေးထိုးခြင်းြ့ဖင့် အကြမ်းဖက်သမား များနှင့် ပတ်သတ်သော သတင်းးအချက်အလက်များ အပြန်အလှန် မျှဝေရေးနှင့် အကြမ်းဖက်သမားများနှင့် အကြမ်းဖက် အဖွဲ့့အစည်းများ၏ လှုပ်ရှားမှုများနှင့် နောက်ခံ သမိုင်းကြောင်း များကို စုံစမ်းဖော်ထုတ်နိုင်ဖို့ နည်းပညာ အကူအညီ အထောက်အပံ့များ ရရှိနိုင်ခြင်းတို့ကြောင့် ဒေသတွင်းနိုင်ငံများနဲ့သာမကနိုင်ငံတကာနဲ့ပါ အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် ခြင်းူအခန်းကဏ္ဍများကို ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်သည်”ဟု လွှတ်တော်သို့ တင်ပြခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက အဆိုပါ နားလည်မှုစာချွန်လွှာနှင့်ပတ်သတ်ပြီးဆွေးနွေးခဲ့ရာတွင် မြန်မာနိုင်ငံ၏ နယ်နမိတ်လုံခြုံရေးနှင့် ပတ်သတ်ပြီး လေ့လာကြည့်ရာတွင် (Border Security Management) နိုင်ငံလုံခြုံရေး စီမံခန့်ခွဲမှု အားနည်းသည့် အတွက်ကြောင့် ယခုလို ခေတ်အဆက်ဆက် အားနည်းသည့်အတွက်ကြောင့် အထူးသဖြင့် မြန်မာနိုင်ငံ အတွင်းတွင် ရခိုင်ပြည်နယ်သည်အကြမ်းဖက် အန္တာရာယ်များနှင့် ရင်ဆိုင်နေရပြီး ပြည်သူများဟာ လက်ရှိ အချိန်ထိ အကြောက်တရားနှင့် ရင်ဆိုင်နေကြကြောင်း   ဆွေးနွေးခဲ့သည်။

အာဆီယံ-သြစတြေးလျ နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ၏ ရည်ရွယ်ချက်ထထဲတွင် “လူမျိုးရေးခွဲခြားခြင်းနှင့် အကြမ်းဖက်မှုကိုဦးတည်စေသော အစွန်းရောက် အကြမ်းဖက်လုပ်ရပ်များ အပါအဝင် နိုင်ငံတကာ အကြမ်းဖက် တိုက်ခိုက်မှု တိုက်ဖျက်ရန် သြစတြေးလျနှင့် အာဆီယံတို့ အကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုတဲ့ မူတစ်ရပ်ကို အားပေးထားသည်” ဟု ဖော်ပြထားကြောင်း ဒေါ်ထုမေက ဆက်လက်ပြောသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...