အပစ်ရပ်ညှိနှိုင်းရေးတရားဝင်ဆွေးနွေးပွဲ လွိုင်ကော်တွင် ပြုလုပ်ရန် KNPP အဆိုပြု

အပစ်ရပ်ညှိနှိုင်းရေးတရားဝင်ဆွေးနွေးပွဲ လွိုင်ကော်တွင် ပြုလုပ်ရန် KNPP အဆိုပြု
by -
စိုးသူအောင်

အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့အကြား အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရေးအတွက် တရားဝင်ဆွေးနွေးပွဲကို ကယားပြည်နယ်မြို့နယ် လွိုင်ကော်မြို့တွင်ပြုလုပ်ရန် အဆိုပြုထားကြောင်း KNPP ပြောခွင့်ရပုဂ္ဂိုလ် ခူဦးရယ်ကပြောသည်။

အစိုးရနှင့် KNPP တို့ ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာ (NRPC)  တွင် မတ်လ ၇ ရက်နေ့တွင် ပထမဆုံး အကြိမ်အဖြစ် သီးသန့်ဆွေးနွေးခဲ့သည့် အလွတ်သဘော တွေ့ဆုံပွဲအပြီးပြောဆိုခဲ့ခြင်းဖြစ်သည်။

“ တရားဝင်ဆွေးနွေးမှုလုပ်မယ်ဆိုရင်တော့ ဒီရန်ကုန်မှာမဟုတ်ဘဲကရင်နီ ကယားပြည်နယ်မြို့တော် လွိုင်ကော်မှာပဲဆွေးနွေးမှုပြုလုပ်သွားဖို့ ကျွန်တော်တို့အဆိုပြုထားပါတယ် “ ဟု ခူဦးရယ်ကပြောသည်။

ပြည်နယ်တွင်ဆွေးနွေးမည်ဆိုပါက ပြည်ထောင်စုအဆင့်အပြင် ပြည်နယ်အဆင့်မှ အစိုးရအရာရှိ၊ တပ်မတော်အကြီးအကဲများက ပါဝင်ဆွေးနွေးနား ထောင်သောကြောင့် ရရှိလာသည့်သဘောတူညီချက်များကို အကောင်အထည်ဖော်ရာတွင် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

“ ဒီသဘောတူညီချက်တွေကိုဘယ်လိုအကောင်အထည်ဖော်မလဲဆိုတဲ့ အခင်းအကျင်းရလာလို့ရှိရင်သူတို့ ဘာမှညွှန်ကြားနေစရာမလိုဘဲနဲ့အလိုလို အဆင်ပြေပြေနဲ့ ဘယ်သူဘယ်ဝါ တာဝန်ယူရမယ်။ တာဝန်ခံရမယ်။ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ဟာကို သိနှင့်ပြီးသားဖြစ်လိမ့်မယ်လို့ အမြင်ရှိလို့ပဲ လွိုင်ကော်မှာကျင်းပဖို့အဆိုပြုခဲ့တာဖြစ်ပါတယ် “ ဟုခူဦးရယ်ကပြောသည်။

လက်ရှိတွင် အစိုးရနှင့် တပ်မတော်အကြီးအကဲအပြောင်းအလဲများရှိသောကြောင့် အစိုးရနှင့် KNPP တို့ ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့်လက်မှတ်ရေး ထိုးထားသည့် သဘောတူညီချက်ကိစ္စများနှင့်ပက်သက်ပြီး အကောင်အထည်ဖော်ရာတွင်ကြန့်ကြာမှု့များရှိနေကြောင်းလည်း ၄င်းကဆိုသည်။

အလွတ်သဘောဆွေးနွေးမှုတွင် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်တို့တွင်နှစ်ဖက်ချုပ်ဆိုခဲ့သော သဘောတူညီချက်များတွင်ပါဝင်သည့် ပူးတွဲစောင့်ကြည့်ရေးကော်မတီကိစ္စ၊ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် အစိုးရဘက်မှ ဆက်ဆံရေးတာဝန်ခံများပြန်လည်ထားရှိရေးကိစ္စ၊ တပ်ပိုင်းဆိုင်ရာကိစ္စနှင့် ပြည်နယ်ဖွံဖြိုးရေးကိစ္စတို့ကို KNPP ဘက်မှဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) အား လက်မှတ်ရေးထိုးထားခြင်း မရှိဘဲ လက်မှတ်ထိုးနိုင်ရေးဆွေးနွေးနေသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင်လည်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် အား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့၌ UNFC အဖွဲ့ဝင်များဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ လက်မှတ်ရေးထိုးခဲ့သည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...