အမျိုးသမီးများ ကိုယ်ထူကိုယ်ထ အသက်မွေးဝမ်းကြောင်းနိုင်ရန် ကန်ပလက်မြို့တွင် ရက်ကန်းလုပ်ငန်းဖွင့်

အမျိုးသမီးများ ကိုယ်ထူကိုယ်ထ အသက်မွေးဝမ်းကြောင်းနိုင်ရန် ကန်ပလက်မြို့တွင် ရက်ကန်းလုပ်ငန်းဖွင့်

ချင်းပြည်နယ်၊ ကန်ပလက်မြို့တွင် အမျိုးသမီး(မုဆိုးမ) များ ပုံမှန်ဝင်ငွေရရှိနိူင်ရေးနှင့် ချင်းရိုးရာဝတ်စုံများအား မြှင့်တင်ရေးအတွက် ရည်ရွယ်လျက် အမျိုးသမီးများအတွက် ရက်ကန်း(ဂျက်ခုတ်) လုပ်ငန်းကိုဇန်နဝါရီလက စတင်ခဲ့ပြီး ယခုအထည်များကို ရောင်းချနေပြီဖြစ်သည်။

အဆိုပါ ရက်ကန်း(ဂျက်ခုတ်) လုပ်ငန်းကို CWDO-Kanpalet၏ ဦးဆောင်မှုဖြင့် လုပ်ငန်းစတင်ခြင်းဖြစ်ပြီး၊ အမျိုးသမီးများ၏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်သည်။

CWDO-Kanpalet မှ မိုင်နော်မီထန်းက “ကျွန်မတို့ ကန်ပက်လက်မှာ မျိုးနွယ်စု (၅) မျိုးရှိတယ်၊ အဲထဲကနေ အခက်ခဲဆုံး မုဆိုးမ ၁ ဦးစီ ရွေးချယ်လိုက်တယ်၊ ကျေးရွာမှာနေတဲ့ မုဆိုးမတွေကလည်း သူတို့ရက်တဲ့ အထည်တွေကို ကျွန်မတို့ဆီလာပို့ပေးကြတယ်၊ လောလောကတော့ မြို့ထဲကလူတွေလည်း ကိုယ့်အိမ်မှာပဲ အလုပ်လုပ်ကြတယ်၊ မတ်လကစပြီး ရက်ကန်းရုံဆောက်ပြီးတော့ တစ်နေရာမှာပဲ အလုပ်လုပ်ကြတော့မယ်” ဟု ပြောသည်။

ယင်းရက်ကန်းအထည်တွေကို ပြည်တွင်း၌သော်လည်းကောင်း၊ ခရီးသွားများသော်လည်းကောင်း ဝယ်ယူလျက်ရှိပြီး၊ CWDO-Kanpalet ရုံးအဖွဲ့များမှ ရောင်းချပေးနေကြောင်း သိရသည်။

မိုင်နော်မီထန်းက “ရက်ကန်း(ဂျတ်ခုတ်) မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေကို တစ်လတစ်ခါ စကားဝိုင်းလုပ်ပေးကြတယ်၊ မတ်လအတွင်းမှာ ကျွန်မတို့ basic Financial management သင်တန်းလုပ်ပေးဖို့ရှိတယ်၊ သူတို့ရက်တဲ့ အထည်တွေကို ရန်ကုန်ကနေ မှာတဲ့သူတွေလည်းရှိတယ်၊ ကန်ပက်လက်ဖက်ကိုလာတဲ့ ခရီးသည်တွေ ဝယ်တာတွေလည်း ရှိတယ်၊ ပြီးတော့ ရုံးက ဝန်ထမ်းတွေကလည်း ခရီးသွားတိုင်း ရောင်းပေးတယ်” ဟု ပြောသည်။

Chin Women Development Organization သည် ချင်းပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ အခွင့်အရေးကာကွယ်ခြင်း၊ အမျိုးသမီးများအား ပညာပေးသင်တန်းပြုလုပ်ခြင်း၊ ချင်းရိုးရာအထည်များကို ပိုမိုမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

 

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...