ပြည်နယ်အစိုးရ ကန့်ကွက်ခဲ့သော ဆယ်တောရိုုကျောင်း ဖွင့်လှစ်ရန် ပြန်လည်ခွင့်ပြု

ပြည်နယ်အစိုးရ ကန့်ကွက်ခဲ့သော ဆယ်တောရိုုကျောင်း ဖွင့်လှစ်ရန် ပြန်လည်ခွင့်ပြု
by -
စိုးရယ်ဦး

ယခင်နှစ် အောက်တိုဘာလက ကန့်ကွက်ခဲ့သော ဆယ်တောရို လူငယ်ဖွံ့ဖြိုးရေးကျောင်း အကောင်အထည်ဖေါ်မှုကို ပြည်နယ်အစိုးရမှ ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ယင်းကျောင်း၏ တာဝန်ခံ ဦးထူးချစ်က ပြောသည်။

၂၀၁၇ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ကယားပြည်နယ် အစုုိးရအဖွဲ့ ဝန်ကြီးချုပ်(ကုုိယ်စား)မှ KNPP လွိုင်ကော်ဆက်ဆံရေးရုံးသုုိ့ ကရင်နီ အမျိုးသားတုုိးတက်ရေးပါတီမှ ပံ့့ပုုိးကူညီမှုပေးနေသည့် ယင်းကျောင်း တည်ဆောက်ရန် စီစဉ်နေမှုကုုိ ကန့်ကွက်ကြောင်း အကြောင်းကြားစာ ပေးပုုိ့ခဲ့ခြင်းဖြစ်သည်။

ဆင်းရဲနွမ်းပါးသည့် လူငယ်များအတွက် ရည်ရွယ်လျှက် အသက်မွေးဝမ်းကျောင်းပညာရပ် တစ်ခုုခုုကုုိ သင်ယူနုုိင်ရန် ဆယ်တောရိုကျောင်းက ပံ့ပိုး လုပ်ဆောင်သွားမည်ဖြစ်သည်။

ယခုနှစ် ဇွန်လအတွင် အဆိုပါ ကျောင်းကို စတင်ဖွင့်လှစ်ရန် ကနဦး စီစဉ်နေပြီဟု ဆိုသည်။

“အဓိကကတော့ ဒီကျွန်တော်တို့လူထုတွေ ဆင်းရဲတာကို ကျွန်တို့လက်ခံပါတယ်။ ကျွန်တော်တို့ကလညး် ပညာသင်စရိတ်တွေမဟုတ်ဘူးပေ့့ါ လူထုတွေကိုလည်း ကျွန်တော်တို့ဆွဲပြီးသားဖြစ်တယ် သူတို့သားသမီးကို သူတို့ပို့တယ်ဆိုရင် ဒီကလေးတွေရဲ့ စားဖို့သောက်ဖို့ ယူလာခိုင်းတာလေ ကျောင်းလခတော့ ကျွန်တော်တို့မတောင်းဘူး။ ကျွန်တို့ကနေ စခဲ့ကျောင်းဆိုပေမဲ့ လူထုပိုင်တဲ့ကျောင်းဖြစ်အောင်ပါပဲ။”ဟု ဦးထူးချစ်က ပြောသည်။

ပြည်နယ်အတွင်းရှိ ၈၊ ၉၊ ၁၀ တန်း ကျောင်းသား/သူများကို ပိုမိုဦးစားခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

ဆယ်တောရိုကျောင်း၏ ပထမနှစ်အတွက် ကျောင်းသူ/သား လူဦးရေ ၁၅၀ စ၍ လက်ခံခေါ်ယူမည်ဖြစ်သည်။

ဆယ်တောရိုကျောင်းမှ အသက်မွေးဝမ်းကျောင်းဘာသာရပ်များကို အဓိကထား သင်ကြားမည့်ဖြစ်ကာ အင်္ဂလိပ်စာနှင့် ကွန်ပျူတာကိုလည်း သင်ကြားပေးမည်ဖြစ်သည်။

ပညာရေးအစီအစဉ်၏ တစိတ်တပိုင်းဖြစ်သော ဆယ်တောရိုကျောင်းကဲ့သို့ တည်ထောင်ခြင်းကို KNPPနှင့် အစိုးရတို့အကြား ၂၀၁၂ ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲမှု သဘောတူညီစာချုပ်ရေးထိုးစဉ်ကတည်းက သဘောတူထားခဲ့ပြီးသားဖြစ်သည်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...