လားရှိုးမြို့ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး TNLA ငြင်းဆို

လားရှိုးမြို့ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး TNLA ငြင်းဆို
by -
ဇေယျာမော်
ရိုးမဘဏ် ဗုံးပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးအား သယ်ထုတ်လာစဉ်။ ဓာတ်ပုံ - (ဓာတ်ပုံ - သန့်ဇင်လှိုင် MPA/အီးပီအေ)
ရိုးမဘဏ် ဗုံးပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးအား သယ်ထုတ်လာစဉ်။ ဓာတ်ပုံ - (ဓာတ်ပုံ - သန့်ဇင်လှိုင် MPA/အီးပီအေ)

လားရှိုးမြို့ ရိုးမဘဏ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး TNLA အဖွဲ့မှ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း TNLA ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"ကျွန်တော်တို့မှာ ဒီလိုမူဝါဒလည်း မရှိဘူး။ ကျွန်တော်တို့လုပ်တာလည်း မဟုတ်ဘူး။ အခုဖြစ်တဲ့နေရာက တကယ့်လုံခြုံရေး တင်းကြပ်တဲ့နေရာ အကြမ်းဖက်အဖွဲ့အစည်းပဲပြောပြော တခြားအဖွဲ့အစည်းပဲ ပြောပြော ဝင်လို့မရတဲ့နေရာပါ" ဟု TNLA အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် မိုင်းအိုက်ကျော်က ဆိုသည်။

ယင်း မိုင်းပေါက်ကွဲမှုဖြစ်စဉ်အား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်သည်ဟု တပ်မတော် ဘက်မှ သတင်းထုတ်ပြန်ထားသော်လည်း အဖွဲ့အစည်းအမည်အား စိစစ်ဆဲဟုသာ ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း လှုပ်ရှားမှုရှိနေသည့်လက်နက်ကိုင်အဖွဲ့များ အမြောက်အမြားရှိနေပြီး မည်သည့်အဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်သည်ကို တပ်အပ်ပြောဆိုရန်ခက်ခဲသည်ဟု TNLA အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် မိုင်းအိုက်ကျော်က ဆိုသည်။

"ကျွန်တော်အထင်ကတော့ နိုင်ငံရေးဆူပူမှုဖြစ်အောင် လုပ်တာဖြစ်ဖြစ် ၊ အတွင်းလူတစ်ဦးဦး လုပ်တာ ဖြစ်နိုင်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လားရှိုးမြို့ပေါ်မှာ လက်ကမ်းစာစောင်ဖြန့်ဝေထားတာ ရှိတယ်။ ဒီလိုမျိုး လုပ်ချင်လို့ ကြိုပြီး ဖြန့်ထားတာဖြစ်နိုင်တယ်။ သံသယဝင်စရာတွေက အများကြီးပါပဲ" ဟု ၄င်းက ဆိုသည်။

လားရှိုးမြို့ ရိုးမဘဏ် ဗုံးပေါက်ကွဲမှုကြောင့် လူ ၂ ဦးသေဆုံးခဲ့ပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရိုးမဘဏ် အဆောက်အဦ အတွင်းပိုင်းနေရာများတွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦ များတွင်လည်း ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့သည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...