ချင်းပြည်နယ်အစိုးရနှင့် လွှတ်တော်ကြား သဘောထားကွဲလွဲမှုရှိလွှတ်တော်ဒု-ဥက္ကဌဆို

ချင်းပြည်နယ်အစိုးရနှင့် လွှတ်တော်ကြား သဘောထားကွဲလွဲမှုရှိလွှတ်တော်ဒု-ဥက္ကဌဆို

ချင်းပြည်နယ်အစိုးရနှင့် ချင်းပြည်နယ်လွှတ်တော်ကြားတွင် ဥပဒေရေးရာအကြောင်းနဲ့ ပတ်သက်ပြီး သဘောထားကွဲလွှဲမှုရှိနေကြောင်း ချင်းပြည်နယ် လွှတ်တော် ဒု-ဥက္ကဌ ဦးအောင်သန်းက ပြောသည်။

အဆိုပါအကြောင်းကို ဖေဖော်ဝါရီလ (၁၆) ရက်နေ့၊ ချင်းပြည်နယ်၊ ဟားခါးမြို့၊ HBA ခန်းမတွင် ချင်းမီဒီယာကွန်ယက်၊ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ယက် နှင့် မသန်စွမ်းဖွံ့ဖြိုးတိုးတတ်ရေး ရှေ့ဆောင်အဖွဲ့၏ Right to Information ဆွေးနွေးပွဲ၌ ပြောဆိုခြင်း ဖြစ်သည်။

ချင်းပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ ဦး အောင်သန်းက “ကျွန်တော်တို့အတွက် လွှတ်တော်နဲ့ အစိုးရက ဒီနေ့ထိ ဥပဒေရေးရာမှာ ကွဲလွဲမှု ရှိတယ်၊ ဒီအခြေခံ ဥပဒေစာအုပ်တစ်အုပ်ထဲကို ကိုင်ထားသော်လည်း လွှတ်တော်က ဒီဥပဒေ အဓိပ္ပယ်ဖွင့်ဆိုတဲ့ဟာနဲ့ အစိုးရဖွင့်ဆိုတဲ့ဟာ ဒီနေ့ထိကွဲလွဲနေတယ်၊ သူတို့က ဘောင်ကျော်ပြီး လုပ်တယ်လို့ ကျွန်တော်တို့ကို ထင်တယ်၊ ကျွန်တော်တို့က Check and balance လုပ်တယ်၊ လွှတ်တော်ရဲ့အလုပ်ကို လုပ်နေတယ်လို့ ယူဆတယ်၊ အဲလိုနည်းနည်းပါးပါး ကွဲလွဲမှုတွေရှိတယ်၊ ဒီနေရာမှာ ပြဿနာကတော့ အမှန်တိုင်းပြောရရင် သူတို့နှင့် ကျွန်တော်တို့က အားမရဘူး ဖြစ်နေတယ်” ဟု ပြောသည်။

ဆက်ပြီး သူက “အစိုးရကို အားမရဘူးဆိုတဲ့ဟာက ဥဗမာ ပြောလိုက်ရင် စည်ပင်သာယာရေးက ၈ ဘီလျံသုံးတယ်ဆိုတဲ့နေရာမှာ ဟားခါးမှာ ဘာတွေလုပ်နေသလဲဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေကတောင် ကောင်းကောင်းမသိကြဘူး၊ သူတို့က မနက်ဖြန်၊ တဘက်ခါ ဘတ်ဂျက်အတည်ပြုမည်ဆိုရင် ဒီနေ့လွှတ်တော်ကို ချက်ချင်းပေးတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေက လေ့လာချိန်မရဘူး” ဟု ပြောသည်။

ဦး အောင်သန်းက “စည်ပင်မှာ ၈ ဘီလျံသုံးတယ်၊ လျှပ်စစ်က ၁၀ ဘီလျံသုံးတယ်၊ လမ်းဦးစီးဌာနက ၁၆ ဘီလျံသုံးတယ်၊ ဒီဆောင်ရွက်တဲ့နေရာမှာ ဒီအချက်အားလုံးဟာ လူထုအားလုံးသိရမည့် အချက်ပဲ၊ ဒါမှသာ ပြည်သူတွေက ကိုယ့်ဒေသဖွ့ံဖြိုးရေးအခြေအနေကို သိနိူင်မှာ” ဟု ဆက်ရှင်းပြသည်။

မြန်မာနိူင်ငံတွင် ပြည့်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဘက်ဂျတ်တင်ရာတွင် အနည်းဆုံးနှစ်လထိ လွှတ်တော်ကိုယ်စားလှယ်များကို လေ့လာခွင့်အချိန်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအကြောင်းနဲ့ ပက်သက်ပြီး ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဆလိုင်း အိုင်ဇက်ခင်က “လွှတ်တော်ပိုင်းကတော့ သူတို့ပြောသလို ကပ်ပြီးတော့ ပို့ရတဲ့အပိုင်းက ဟုတ်ပါတယ်၊ သို့သော် လွှတ်တော်မပို့ခင်မှာ ပြောင်းမယ်၊ ပြုမယ်ကိစ္စက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက သဘောတူပြီးသား ကိစ္စတွေ၊ လွှတ်တော်ထဲမှာပို့တဲ့ကိစ္စက တရားဝင်အတည်ပြုတာပဲရှိတယ်၊ တကယ်ဆိုရင် ကျွန်တော်တို့က မပြောင်းခင် အဆိုပြုကတည်းက လွှတ်တော်ကိုယ်စားလှယ်တွေ တောက်လျှောက်ပါပြီးသား၊ ကြိုတင်သိရှိခွင့်၊ ကြိုတင်ခွင့်ပြုချက်တွေပါပြီးသား” ဟု ပြောသည်။

“နောက်တစ်ခုက အနီးကပ်ပို့တယ်ဆိုတာကလည်း တကယ်တော့ တင်တဲ့အကြောင်းအရာ အားလုံးက လွှတ်တော်ကိုယ်စားလှယ်တွေ မသိပဲနဲ့တင်တာ တစ်ခုမှမရှိဘူး၊ မိမိတို့မြို့နယ်က တင်ကတည်းက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောတူညီချက်နဲ့တင်ခဲ့တာတွေကြီးပဲ၊ အဲဒါကြောင့် လွှတ်တော်မှာ အနီးကပ်တင်တယ်ဆိုတာက ဘာမှအခက်အခဲမရှိဘူး၊ တစ်ဖက်ကလည်း ဘာကြောင့်အနီးကပ်တင်သလဲလို့ပြောရင် ပြည်ထောင်စုကို ပြန်တင်ရတယ်၊ တစ်ချို့အပိုင်းကပြည်ထောင်စုတောင်းတာ အချိန်ကအရမ်းကပ်တယ်၊ ဆိုတော့ ပြည်နယ်မှာကြတော့ အနည်းဆုံးတစ်ပတ်လောက် တင်နိူင်တဲ့ဟာရှိပါတယ်” ဟု ဝန်ကြီးက ဆက်ပြောသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကျပ် ဘီလျံ ၁၃၀ ကျော်အသုံးပြုကြောင်း သိရသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...