Chin TV International မှအနုပညာဆိုင်ရာ ထူးချွန်ဆုအတွက် နိုင်ငံကျော် ချင်းအမျိုးသား(၁) ဦးနှင့် အမျိုးသမီး(၂)ဦး ရွေးချယ်

Chin TV International မှအနုပညာဆိုင်ရာ ထူးချွန်ဆုအတွက် နိုင်ငံကျော် ချင်းအမျိုးသား(၁) ဦးနှင့် အမျိုးသမီး(၂)ဦး ရွေးချယ်

အမေရိကန် ပြည်ထောင်စုအခြေစိုက် Chin TV International မှ နိုင်ငံကျော် ချင်းအမျိုးသားတစ်ဦးနှင့် ချင်းအမျိုးသမီး နှစ်ဦးတို့အား အနုပညာဆိုင်ရာထူးချွန်ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

အမေရိကန်နိုင်ငံ ချင်းအများစုနေထိုင်သည့် အင်ဒီယာနာပိုလစ်တွင် ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ကျင်းပမည့် ချင်းအမျိုးသားနေ့ပွဲအကြို၌ ပေးအပ်သွားမည်ဖြစ်သည်။

အဆိုပါ အနုပညာဆိုင်ရာ ထူးချွန်ဆုများသည် Musical Appreciation Award, Oustanding Achievement Award in Music နှင့် Oustanding Achievement Award in Movie တို့ဖြစ်သည်။

Musical Appreciation Award ထူးချွန်ဆုကို ထွဏ်းခမ်မှရရိပြီး, Oustanding Achievement Award in Music ထူးချွန်ဆုကို မိုင်ဆုန်သင်းပါရ် နှင့် Oustanding Achievement Award in Movie ထူးချွန်ဆုကို မိုင်သက်မွန်မြင့် (Mai Zung Cer Mawi) တို့ကို Chin TV International မှရွေးချယ်ထားခြင်းဖြစ်သည်။

Chin TV International Executive Producer Van Tuah Piang က “ထွဏ်းခမ်ဟာ တေးရေးသာမက အဆိုတွင်လည်း နာမည်ကျော်ကြားသူ တစ်ဦးဖြစ်ပြီး ချင်းပြည်နယ်သာမက မြန်မာနိူင်ငံတစ်ဝှိင်းရှိ ခေတ်သစ်လူငယ်တွေကို မြူးကြွအောင် အသစ်ဖန်တီး ပေးတဲ့ နာမည်ကျော်ကြားသူ တစ်ဦးဖြစ်တယ်။ မိုင်းဆုန်သင်းပါရ် ကတော့ နိုင်ငံကျော် အဆိုတော် နာမည်ကြီးတစ်ဦးဖြစ်ပြီး ချင်းလူမျိုးများ ဂုဏ်သိက္ခာကို မြှင့်တင်နေသူ တစ်ဦးဖြစ်ပါတယ်။ မိုင်သက်မွန်မြင့် (Mai Zung Cer Mawi) ကလည်း မြန်မာနိုင်ငံရုပ်ရှင်လောကမှာ နာမည်ကြီးတစ်ဦးဖြစ်ပြီး ရုပ်ရှင်အကယ်ဒမီဆုလည်း နှစ်ကြိမ်ဆွတ်ခူးသူ တစ်ဦးဖြစ် တယ်။အဲအပြင်  ချင်းရိုးရာဝတ်စုံကို မြန်မာ နိုင်ငံတစ်ဝှမ်းမှာ လူသိများလာအောင် လုပ်ဆောင်ပေးသူတစ်ဦးဖြစ်တဲ့အတွက် သူတို့ကိုရွေးချယ်တာဖြစ်တယ်”ဟု ပြောသည်။

သူက “ကျွန်တော်တို့ ဒီလိုလုပ်ချီးမြှင့်ခြင်း၏ ရည်ရွယ်ချက်ကတော့ ချင်းလူမျိုးအနုပညာလောတွင် ပိုမိုတိုးတတ်လာဖို့ပါ။ ပြီးတော့ အခုလိုချီးမြှင့်ခြင်းကို Voting စနစ်ကို မသုံးပဲ Chin TV International ဘုတ်အဖွဲ့က ထိုက်တန်တဲ့ သူတွေကို ရွေးချယ်ပြီး ချီးမြှင့်ပေးတာဖြစ်တယ်” ဟု ဆက်ပြောသည်။

Chin TV International သည် ၂၀၁၄ ခုနှစ်မှစ၍ ချင်းလူမျိုးများထဲတွင် နာမည်ကျော်ကြားသူများ ဆုချီးမြှင့်ခြင်းအစီအစဉ်ကို စတင်ခဲ့ပြီး၊ အနုပညာ ထူးချွန်ဆုကို Salai Tuan Ling Thang, Mai Far Men Par, Salai Zalian, Salai John Tin Zam, Salai Tuah Aung, Salai Tawna, Solomon MRH နှင့် BJ တို့ကို ထူးချွန်ဆုများ ချီးမြှင့်ခဲ့သည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...