၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆမီးမြို့တိုက်နယ်ဆေးရုံအသစ် ဆောက်လုပ်ရန် လျာထား

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆမီးမြို့တိုက်နယ်ဆေးရုံအသစ် ဆောက်လုပ်ရန် လျာထား

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးတိုက်နယ် ဆေးရုံးကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အသစ် ဆောက်လုပ်ပေးရန် လျာထားလျှက်ရှိကြောင်း သိရသည်။

အဆိုပါ အကြောင်းနှင့် စပ်လျဉ်း၍ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၄ ရက်နေ့မြောက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂) မှ ဦးမျိုးထိုက် ၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးတိုက်နယ်ဆေးရုံးအား အဆောက်အဦးအသစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ခွဲစိတ်ဆောင် တိုးချဲ့ပေးရန်အတွက် ပေ(၃၀×၃၀) ကို ပြုပြင်မွမ်းမံရံပုံငွေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နှစ်ထပ် လူနာဆောင် ဆောက်လုပ်ပေးရန် တောင်းဆိုထားသော်လည်း မြေနေရာအသစ်နှင့် ဆေးရုံဆောက်လုပ်ရန် လျာထားပြီးဖြစ်၍ လောလောဆယ် ဆောက်ပေးနိူင်မှုမရှိသေးပါကြောင်း၊ ဆေးရုံအသစ်ဆောက်လျှင် နှစ်ထပ် လူနာဆောင်ကို ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်ပြီး ဒေါက်တာမြင့်ထွေးက ဆေးရုံတွင် လိုအပ်သည့် ဆရာဝန်အိမ်ရာ တစ်လုံး၊ လေးခန်းတွဲ ဝန်ထမ်းအိမ်ရာ နှစ်လုံးတို့ကို ၂၀၁၇ – ၂၀၁၈ ဘဏာနှစ်တွင် ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ် ရေးဝန်ကြီးဌာနမှ တည်ဆောက်လျက်ရှိပါကြောင်း၊ ဆေးရုံတွင် လိုအပ်လျက်ရှိ သည်များကို ဖြည်ပဆည်းပေးမည်ဖြစ်ကြောင်း၊ သူနာပြုသုံးဦး ခန့်ထားပြီး နှစ်ဦး ထပ်မံတောင်း ခံသောကြောင့် ပြည်နယ်ဦးစီးမှူးညိုနိူင်းချက်အရ တစ်ဦးကို လျာထားပါကြောင်း၊ ဓာတ်ခွဲလုပ်ငန်း ဆိုင်ရာပစ္စည်းများကို ဖြည်ပဆည်းပေးမည်ဖြစ်ကြောင်း ဆက်လက်ရှင်းပြသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...