ကလေးမြို့နယ် စက္ကန့်ကျေးရွာနှင့် ရာဇဂြိုလ်ကျေးရွာကြား ကတ္တရာလမ်းခင်းမှုကို ဂျာမန်နီ အခြေစိုက် KFW ဘဏ်၏ အထောက်အပံ့ဖြင့် ဖေဖော်ဝါရီလအတွင်း လုပ်ငန်းစတင်တော့မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းအတွက် ပြင်ဆင်မှုကို ယခုလအတွင်း စတင်မည်ဖြစ်ပြီး ပြည်တွင်း ကုမ္ပဏီ (၁၀) ခုနှင့် နိူင်ငံခြား ကုမ္ပဏီ (၃) ခုတို့ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသား ရေးရာဝန်ကြီး Pu Lal Thawm Thang က “နိူင်ငံခြား ကုမ္ပဏီတွေက ဒီဇိုင်းဆွဲနေတယ်။ လုပ်ငန်း စတင်တာကတော့ လာမယ့်လမှာပဲ လုပ်ဆောင်ကြမှာ ဒီလကတော့ လုပ်ငန်းအတွက် လိုအပ်တဲ့ဟာတွေကို အဆင်သင့်ထားမယ်” ဟု ပြောသည်။
ဆောင်ရွက်မည့်လုပ်ငန်းများတွင် တံတား ၅ ဆင်းတည်ဆောက်မှုအပါအဝင် ဇီးချောင်း၊ ဆည်ကြီး၊ နတ်တံခါးချောင်းများကို ရေကျော်သံတံတားဖြင့်တည်ဆောက်မည်ဖြစ်ကာ လုပ်ငန်းကာလကို ၂ နှစ်အတွင်း သတ်မှတ်ထားကြောင်း ဆက်ပြောသည်။







