ပလက်ဝမြို့သို့ ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် မြို့နယ်အုပ်ချုပ်ရေးမှုးများ၏ ထောက်ခံချက်ဖြင့်သာ ဆန်တင်ပို့နိုင်မည်

ပလက်ဝမြို့သို့ ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် မြို့နယ်အုပ်ချုပ်ရေးမှုးများ၏ ထောက်ခံချက်ဖြင့်သာ ဆန်တင်ပို့နိုင်မည်

ဇန်နဝါရီလ (၂၀) ရက်နေ့မှစပြီး ကျေးရွာအုပ်ချုပ်ရေးမှုး နှင့် မြို့နယ်အုပ်ချုပ်ရေးမှုးထောက်ခံစာဖြင့်သာ ပလက်ဝမြို့ပေါ်သို့ ဆန်များပြန်လည်တင်ပို့နိုင်မည်ဖြစ်ကြောင်းပလက်ဝမြို့နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်တန်ကပြောသည်။

ဦးအိုက်တန်က “  ဒီဇင်ဘာလ (၂) ရက်နေ့ကစပြီး လူတစ်ယောက်ကို ဆန်နှစ်အိတ်နှုန်းနဲ့စစ်ဆေးတာတွေရှိခဲ့တယ်။ အဲဒါတွေကို ပြည်သူတွေက စိတ်ပူတာပေါ့။ ကန့်သတ်တာမကောင်းဘူးဆိုတာမျိုးပေါ့။ မြန်မာတပ်မတော်ဖက်ကလည်း မသမာတွေဆီရောက်မှာစိုးလို့ပေါ့။ မနေ့ ( ဒီဇင်ဘာလ ၁၈) က ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ စည်ပင်ဝန်ကြီးအိုင်ဇက်ခင်တို့နဲ့အတူ ၂၈၉ ဗျူဟာမှုးနဲ့ သွားရောက်ညှိနှိုင်းတယ်။ အခုတော့ ကျေးရွာအုပ်ချုပ်ရေးမှုးထောက်ခံစာနဲ့ မြို့နယ်အုပ်ချုပ်ရေးမှုးထောက်ခံစာနဲ့ ကျေးရွာအတွက်စားသုံးဖို့ဆိုရင်  အဆင်ပြေတယ်လို့ပြောလို့ရတယ်။ ကုန်သည်တွေအတွက်တော့ မရသေးဘူး” ဟုပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား စစ်ပွဲဖြစ်ပွားခြင်းကြောင့် ဆန်များတင်ဆောင်ရန် ကန့်သတ်မှုရှိလာခဲ့ပြီး ပလက်ဝမြို့ပေါ်တွင် ကုန်စျေးနှုန်းမြင့်တက်မှုလည်း ဖြစ်ပေါ်လျက်ရှိသည်။

ဦးအိုက်တန်က “ ဆန်က နှစ်သောင်းခွဲတန်က သုံးသောင်းကျော်အထိစျေးတက်တယ်။ သုံးသောင်းတန်တွေက လေးသောင်းအထိစျေးတက်ခဲ့တယ်” ဟုပြောသည်။

ပလက်ဝမြို့သို့ရောက်ရှိလျက်ရှိသည့် ဂျွန်ကင်ခမ်မန်က “ တိုက်ပွဲကြောင့် ဆန်တွေ လုံလုံလောက်လောက်သယ်လို့မရတာကြောင့် ထမင်းဆိုင်တွေလဲ တစ်ပွဲ ၁၅၀၀ ကျပ်ကနေ ၂ဝဝဝကျပ်အထိစျေးတက်နေပါတယ်။ ရွာသားတွေဆိုရင် အစကတည်းက သိပ်မဝယ်နိုင်တာ အခုတော့ပိုဆိုးတာပေါ့။ မိသားစုစားဝတ်နေရေးပိုခက်ခဲတာပေါ့” ဟုပြောသည်။

စစ်ဘေးရှောင်ဒုက္ခသည်များအတွက် စားဝတ်နေရေးထောက်ပံ့ပေးနိုင်ရန်အတွက် လူမှုအဖွဲ့အစည်းများမှ အကူအညီပေးလိုသော်လည်း တိုက်ပွဲအခြေအနေကြောင့် မြေပြင်အထိသွားရောက် ကူညီနိုင်ခြင်း မရှိသေးကြောင်းသိရသည်။

ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား စစ်ပွဲဖြစ်ပွားသည်မှာ နှစ်လဝန်းကျင်ရှိပြီဖြစ်ပြီး ဒေသခံပြည်သူ ထောင်ကဏန်း စစ်ဘေးရှောင်နေရလျက်ရှိသည်။

June 3, 2026
လုံခြုံရေးဆောင်ရွက်နိုင်ဖို့ ဆိုကာ တီးတိန်မြို့နယ် လိုင်တွီးရွာ ကနေ အိန္ဒိယ - မြန်မာနယ်စပ်က...
Photo By CJ
June 2, 2026
မင်းတပ်မြို့အောက်ဘက် ၁၀ မိုင်ဝန်းကျင်ခန့်အကွာ ချင်းပြည်နယ်အတွင်းရှိ ထင်ချောင်းရွာထဲသို့ မေလ ၃၀...
June 1, 2026
ကလေးမြို့နယ် ပညာရေးမှူးရုံးမှာ ကျောင်းပညာရေး ပြတ်တောက်သွားခဲ့တဲ့ အသက် ၁၅ နှစ်အောက် ကလေးများ...
May 30, 2026
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်မှာ လူမရှိနေအိမ်တွေကို မသမာသူလူတစ်စုက...