KIO နည်းပညာအကြံပေးရုံးသို့ ရဲတပ်ဖွဲ့က ရုတ်တရက် ရှာဖွေစစ်ဆေး

KIO နည်းပညာအကြံပေးရုံးသို့ ရဲတပ်ဖွဲ့က ရုတ်တရက် ရှာဖွေစစ်ဆေး
by -
ဖနိဒါ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ နည်းပညာအကြံပေးရုံးတွင် ပြည်နယ်ရဲတပ်ဖွဲ့မှ ဝရမ်းမပါဘဲ ဒီဇင်ဘာလ ၁၁ ရက်နေ့က ရုပ်တရက် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ()မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

မြစ်ကြီးနားမြို့နယ် ဒုတိယ ရဲမှူး ဦးဆောင်သော အဖွဲ့က တစ်နာရီကျော်ကြာ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မည်သည့် ပစ္စည်းများ မတွေ့ရသဖြင့် ပြန်လည် ထွက်ခွာသွားသည်ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“ဒုရဲမှူး ဦးဆောင်တဲ့ ရဲတပ်ဖွဲ ၁၅၊ ၂၀ ယောက်လောက်ရှိမယ်။ ရုံးရဲ့ အနောက်က ကလေးတွေ အိပ်တဲ့နေရာလာစစ်တာ။ ဂျွန်စံလင်းနဲ့ပတ်သက်လို့ နောက်ဆက်တွဲတဲ့ သတင်းကြားလို့ လာစစ်တယ်လို့ ပြောတယ်။ ဘာမှ မတွေ့တော့ ပြန်ထွက် သွားကြတယ်။ ဘာတွေ ရှာတယ်ဆိုတာတော့ မပြောဘူး။ ပစ္စည်းတွေ သိမ်းထားတယ်ထင်ပြီး ရှာဖွေတယ်ထင်တယ်။

ကေအိုင်အို နည်းပညာအေထောက်အကူပြု ရုံးသို့ ကြိုတင်သတင်းပေးအကြောင်းကြားခြင်း မရှိဘဲ ဝင်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ဦးလမိုင်ဂွမ်ဂျာ ပြောသည်။

“ဘာနဲ့ ပတ်သက်လို့လဲလို့ မေးတော့ ဂျွန်စံလင်းနဲ့ ပတ်သက်လို့ သတင်းကြားလို့ လာစစ်ဆေးတာပါလို့ပဲ ပြောတယ်။ တခြားဘာမှ မပြောဘူး။ တစ်နာရီလောက်ကြာ စစ်ဆေးတယ်။ ၂ နေရာ ၃ နေရာ မီးစက်ထားတဲ့ နေရာတွေ၊ ရေကန်တွေမှာ လာစစ် သွားတယ်။ ကြိုတင်သတင်းပေးတာလည်း မရှိဘူး။ တကယ်တော့ TOT ရုံးမှာ ကြိုတင်ပြောရမှာ။ ဘာကြောင့် လာစစ်သလဲလို့ မေးတော့ ကျွန်တော်တို့ ကေအိုင်အို ရုံးမှန်းမသိဘူးလို့ပဲ  ပြောတယ်။ ဘာမှ မတွေ့တော့ ပြန်သွားတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မြစ်ကြီးနားမြို့ ရဲတပ်ဖွဲ့အား မဇ္ဈိမမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ် ၍ မရခဲ့ပေ။

ဒီဇင်ဘာလ ၄ ရက်နေ့  ညနေပိုင်းက မြဝတီမြို့နယ် သင်္ဃန်းညီနောင် ရွာသစ်ကျေးရွာ ကွက်သစ်ရှိ ကိုစံလင်း (ခ) ကိုဂျွန်နှင့် ဇနီး ဒေါ်ခါးဘူ (ခ) လဘန်ခါးဘူတို့ ငှားရမ်းနေထိုင်သော နေအိမ်အောက်ထပ်မှ လေယာဉ်ပစ် ကျည် တစ်ထောင်ကျော် သိမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ဂျွန်စံလင်းကို အမှတ် ၂ ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရကြောင်း ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...