ဟားခါးမြို့၌ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့ရေးဆိုင်ရာ ညီလာခံကျင်းပမည်

ဟားခါးမြို့၌ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့ရေးဆိုင်ရာ ညီလာခံကျင်းပမည်

ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုရေရှည်တည်တံ့ရေး ဆိုင်ရာညီလာခံတစ်ရပ်ကို ဟားခါးမြို့၌ ဒီဇင်ဘာလ (၆) ရက်နေ့နှင့် (၇) ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်သည်။

ညီလာခံတွင် လူမှုဘဝဖူလုံရေးကိစ္စ၊ လူမှုရေးဆိုင်ရာ အကာအကွယ် ပေးရေးကိစ္စများ၊ မီဒီယာနဲ့ လူမှုအဖွဲ့အစည်းရေရှည်တည်တံ့ရေးကိစ္စများ၊ သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကိစ္စများအပါအဝင် ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြောင်းအရာ ခေါင်းစဉ် (၆) ခုကိုဆွေးနွေးသွား မည်ဖြစ်ကြောင်းသိရသည်။

ညီလာခံဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးယာကုတ်ထန်က “ချင်းပြည်နယ်အတွင်းနဲ့ပတ်သက်ပြီး ခေါင်းစဉ်ကြီးတွေကိုဆွေးနွေးမှာဖြစ်တယ်။ အဲဒီအောက်မှာ ခေါင်းစဉ်ငယ်လေးတွေလည်းပါဝင်မယ်။ အဲဒါတွေကို မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် လိုက်ဦးစားပေးအခြေအနေတွေရွေးချယ်မယ်။ အဲဒါပြီးရင် အစိုးရရဲ့လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လာတဲ့အချိန်မှာ အကြံပြုနိုင်ဖို့ဖြစ်တယ်။ ဒီညီလာခံကနေ ချင်းပြည်နယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကွန်ယက် တစ်ခုပေါ်ပေါက်လာဖို့လည်း ရည်ရွယ်တယ်။ အဲဒီကွန်ယက်ကနေ နိုင်ငံတကာအချိတ်အဆက်တွေ၊ အစိုးရကို နှိုးဆော်တိုက်တွန်းမှုတွေလုပ်ဖို့ အတွက် အဓိကတာဝန်ယူလာဖို့အတွက်ဖြစ်တယ်” ဟုပြောသည်။

ညီလာခံသို့ မြို့နယ်အသီးသီးမှ အဖွဲ့အစည်း (၆) ဖွဲ့မှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများ၊ အလှူရှင်များ စုစုပေါင်း ၁၅၀ ဝန်းကျင်တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု သူကဆက်ဆိုသည်။

ယခုညီလာခံဖြစ်မြောက်လာရေးအတွက် ဟားခါးမြို့အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းအစည်းများ၊ လူမှုအဖွဲ့အစည်းများ ပူးပေါင်းကာ ကော်မတီဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ အကောင်အထည်ဖော်လာခြင်းဖြစ်သည်။

ညီလာခံကို ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့( WFP)တို့မှ အဓိက ကူညီထောက်ပံ့ထားသည်။

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...