မြန်မာအိမ်အကူအမျိုးသမီး သေဆုံးမှုမှ သံသယအချက်များကို လာမည့်အပတ်တွင် ထိုင်းအာဏာပိုင်များထံ တင်ပြမည်

မြန်မာအိမ်အကူအမျိုးသမီး သေဆုံးမှုမှ သံသယအချက်များကို လာမည့်အပတ်တွင် ထိုင်းအာဏာပိုင်များထံ တင်ပြမည်
by -
ဖနိဒါ

ထိုင်းနိုင်ငံ လတ်ဘူရီခရိုင် ဘန်ပုံဒေသတွင် မြန်မာအိမ်အကူ အမျုုိးသမီး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရန် အတွက် သံသယရှိသည့် အချက်အလက်များကို မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် ရှေ့နေတို့က မသင်္ကာဖွယ် အချက်များကို သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များသို့ တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါအမှုအား ကူညီဆောင်ရွက်နေသူ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

အသက် ၁၇ နှစ်အရွယ် မညိုညိုအေး မိမိကိုယ်ကိုယ်သေဆုံးသည်ဟု ထိုင်းရဲတပ်ဖွဲ့က အမှု ပိတ်သိမ်းခဲ့မှုကို မိသားစုက သံသယရှိသဖြင့် သူမ သေဆုံးမှုအပေါ် မသက္ခာဖွယ် တွေ့ရှိသော အချက် ၂၀ ခန့်ကို ထိုင်းရဲ တပ်ဖွဲ့များထံသို့ လာမည့် အပတ်တွင် သွားရောက် တင်ပြသွားမည် ဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“အန်ကယ်က အချက် ၂၀ လောက်တော့ သံသယရှိတာတွေကို ရေးထားပါတယ်။ ရေးထားတာကိုလည်း ၁၀ ရက်နေ့က ဒီနေ့ထိ အားလုံး မြန်မာစာနဲ့ရိုက်ပြီးပါပြီ။ ဒါကို ထိုင်းစာဘာသာပြန်ပြီးပါပြီ။ ဒါပေမယ့် ပြောချင်တဲ့ အချက်တွေ ပေါ်လွင်အောင် ဓာတ်ပုံတွေကို ပို့နေတုန်းရှိပါသေးတယ်။ ဒါတွေ ပြီးလို့ရှိရင်တော့ ရှေ့အပတ်ထဲမှာ ထိုင်းအာဏာပိုင်တွေထံ သွားရောက် ပို့ပေးဖို့ အစီအစဉ် ရှိပါတယ်”ဟု သူက ပြောသည်။

မြန်မာအသံအမတ်၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သေဆုံးသူ၏ မိသားစုဝင်များ၊ အလုပ်သမား အရေးဆောင်ရွက်နေများက သွားရောက် ပေးပို့မည် ဖြစ်ကြောင်း သူက ပြောသည်။

နိုဝင်ဘာလ ၂ ရက်နေ့က မညိညိုအေး၏ အလောင်းကို စစ်ဆေးရန် ဂူသွင်းထားသော သဂြိုလ်ထားသော အလောင်းကို ပြန်လည် ဖော်ထုတ်ခဲ့ကာ ၄င်းအလောင်းကို ထိုင်းအမျိုးသားရဲဆေးရုံတွင် တစ်လကြာ စစ်ဆေးထိန်းသိမ်းထားပြီး လိုအပ်သည့် မှုခင်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“အခုက အလောင်းကို ပြန်ပြီးတော တစ်လထိန်းသိမ်းထားမှာပါ။ ဒီအချိန်မှာ အန်ကယ်တို့က တရားဝင်ဖြစ် အောင် သက်ဆိုင်ရာ တရားမျှတရေး မူခင်းတို၊ ထိုင်းရဲတပ်ဖွဲ့တို့၊ မှုခင်းစစ်ဆေးရေးအဖွဲ့တွေကို စာတွေ ရေးပို့ရမှာပါ။ အဲဒီလို သံရုံးကနေ တရားဝင် အမှုတွဲ သွားဖို့တဲ့အခါမှာ သူတို့က ဒီနိုင်ငံသားအတွက် သံရုံးက ဒီလို ကူညီစောင့်ရှောက်ပေးတယ်ဆိုတဲ့အတွက်ကြောင့် သူတို့က ဒါကို သက်ဆိုင်ရာဌာနတွေက ပြန်လည် စစ်ဆေးမှု လုပ်ကြမှာပါ”ဟု ဦးအောင်မျိုးသန့်က ပြောသည်။

သေဆုံးသူ၏ အမေနှင့် အစ်မဖြစ်သူများက အမှုမှန်ဖော်ထုတ်ပေးရန် မြန်မာသံရုံးသို့ လာရောက် အကူအညီတောင်းခံခဲ့သဖြင့် မြန်မာသံအရာရှိက မိမိမြန်မာနိုင်ငံသားကို ကူညီပေးရန် နိုဝင်ဘာလ ၁၀ ရက်နေ့က ရှေ့နေ ဦးအောင်မျိုးသန့်ကို အမှုအားကူညီရန် တာဝန်ပေးခဲ့သည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့က မညိုညိုအေးသည် ထိုင်အလုပ်ရှင်၏ နေအိမ်တွင် ဦးခေါင်းတွင် သေနတ်ဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးခဲ့မှုကို မိသားစုဝင်များက သံသယရှိသဖြင့် အမှုမှန်ဖော်ထုတ်ရန် ထိုင်းမှုခင်းတိုက်ဖျက်ရေး အထူးအဖွဲ့ (CSD)ထံသို့ တင်ပြခဲ့သဖြင့် အလောင်းကို ထပ်မံ ဖော်ထုတ်၍ စစ်ဆေးနေခြင်း ဖြစ်သည်။

မညိုညိုအေး သေဆုံးမှု အမှန်တရားပေါ်ပေါက်ရန်အတွက် မြန်မာအသံရုံးက ကူညီဆောင်ရွက်ပေးနေပြီး မြန်မာသံရုံး လိပ်ကျွန်းအမှုတွင် ကူညီဆောင်ရွက်ပေးနေသော ရှေ့နေ ဦးအောင်မျိုးသန့်၊ ထိုင်းရှေ့နေ ခွန်နလုံနှင့် အလုပ်သမား အရေးဆောင်ရွက်နေသော AACတို့ ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။  

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...