အပစ်ရပ်ကာ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဆွေးနွေးလိုသည်ဟု AA ပြော

အပစ်ရပ်ကာ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဆွေးနွေးလိုသည်ဟု AA ပြော
by -
စိုးသူအောင်

ချင်းပြည်နယ် ပလက်ဝတွင် မြန်မာ့တပ်မတော်နှင့် AA ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာ ဆွေးနွေး အဖြေရှာချင်သည်ဟု ရက္ခိုင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (AA) မှပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က ပြောသည်။

“တကယ် ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုလို့ရှိရင် တပ်မတော်အနေနဲ့အခုလို ထိုးစစ်တွေကို ရပ်ဖို့လိုတယ်။ ကျွန်တော်တို့ AA အနေနဲ့ ဘယ်ပြသာနာကိုမဆို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းချင်တယ်။  နိုင်ငံရေးပြသာနာတွေကို နိုင်ငံရေးနည်းအရဖြေရှင်းနိုင်တဲ့ဆန္ဒအများကြီးရှိပါတယ် ”ဟု ရက္ခိုင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (AA) မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက  မဇ္ဈိမသို့ ပြောသည်။

သို့သော်လည်း ယနေ့ (နိုဝင်ဘာ ၁၄ ရက် ) တွင် ကုလားတန်မြစ်အထက်ပိုင်း ၄ နေရာ၌ တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း AA အဖွဲ့မှ ပြောသည်။

စစ်ဘေးရှောင် အရည်အတွက်နှင့် တိုက်ပွဲအရှိန်ပိုမိုပြင်းထန်လာနိုင်သည့် တိုက်ပွဲများသည် နိုဝင်ဘာ ၁ ရက်နေ့မှစတင်ကာ ယနေ့ ( နိုဝင်ဘာ ၁၄ ရက် ) ထိ ၁၄ ရက်တိတိကြာမြင့်ခဲ့ပြီဖြစ်သည်။

နိုဝင်ဘာ ၈ ရက်နေ့တွင်လည်း AA အဖွဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့သည်ဟုအစိုးရဘက်မှ ထုတ်ပြန်ထားသည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ ဒါကတော့ နိုင်ငံတော်အစိုးရရော လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရော အကုန်လုံးကတော့ ပြည်သူထိခိုက်လာတဲ့အခါမှာ ထုံးစံအတိုင်းပေါ့ ပြန်ပြီးတော့တိုက်ခိုက်ရမှာပေါ့ “ ဟုဆိုသည်။

မည်သို့ပင် ဆိုစေကာမူ ချင်းပြည်နယ် ပလက်ဝတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ကျေးရွာအတွင်း လက်နက်ကြီး ကျခြင်းကဲ့သို့ဖြစ်စဉ်များအပြင် နေရပ်စွန်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင် အနည်းဆုံး ၃၀၀ ထက် မနည်းရှိနေပြီဖြစ်သည်။

ရက္ခိုင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (AA) သည် ၂၀၁၅ ခုနှစ်ခန့်မှစတင်ကာ တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားသည့်အဖွဲ့တစ်ခု ဖြစ်သည့်အပြင် တရားမဝင် အဖွဲ့အစည်းအဖြစ် အစိုးရမှ ကြေညာထားသည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...