ချင်းပြည်နယ်မှ ရိရေကန်အား ၂၀၁၈ တွင် အာဆီယံအမွေအနှစ်နယ်မြေအဖြစ် သတ်မှတ်နိုင်ရန် မြန်မာကြိုးပမ်း

ချင်းပြည်နယ်မှ ရိရေကန်အား ၂၀၁၈ တွင် အာဆီယံအမွေအနှစ်နယ်မြေအဖြစ် သတ်မှတ်နိုင်ရန် မြန်မာကြိုးပမ်း

မြန်မာအာဏာပိုင်များသည် ချင်းပြည်နယ်အနောက်မြောက်ပိုင်းဒေသမှ ရိဒီလ်ဟုလူသိများသော ရိရေကန်အား လာမည့် ၂၀၁၈ခုနှစ်တွင် အာဆီယံအမွေအနှစ်နယ်မြေအဖြစ် သတ်မှတ်နိုင်ရန်အတွက် ကြိုးပမ်းနေကြကြောင်း နိုင်ငံတော်သတင်းဌာန၏တင်ပြမှုကို ရှင်ဟွာသတင်းအေဂျင်စီက ကိုးကား၍ဖော်ပြခဲ့သည်။

အသည်းနှလုံးပုံစံ ကောက်ကြောင်းများရှိသည့် ရိရေကန်သည် မြန်မာ-အိန္ဒိယနယ်စပ်မှ ၃ ကီလိုမီတာခန့်ကွာ ဝေးသော အရပ်၌ရှိသည့် သဘာဝရေကန်ကြီးဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၆၆ ပေခန့်တွင် တည်ရှိကြောင်း သိရသည်။

တစ်ဆက်တည်းတွင် နိုင်ငံအတွင်းရှိ ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရန်ရည်ရွယ်ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် ဟော်တယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ပူးပေါင်းစီမံကာ ဟော်တယ်ဆောက်လုပ်ရေး စီမံကိန်းများကို စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...