ပလက်ဝဒေသ စစ်ရှောင်များ စားနပ်ရိက္ခာအခက်အခဲကြုံနေရ

ပလက်ဝဒေသ စစ်ရှောင်များ စားနပ်ရိက္ခာအခက်အခဲကြုံနေရ
by -
ဇေယျာမော်

 ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း၌ တပ်မတော်နှင့် AA အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်း ကြောင့် ဒေသခံများ နေရပ်စွန့်ခွာမှုများ ရှိနေပြီး စားနပ်ရိက္ခာအခက်အခဲများ ရှိနေသည်ဟု သိရသည်။

စစ်ဘေးဒဏ်ကြောင့် ရှောင်တိမ်းနေရသည့်ပြည်သူများ ၃၀၀ ကျော်အထိ ရှိနေပြီး ၎င်းတို့အတွက် အရေးပေါ်စားနပ်ရိက္ခာများ၊ ဆေးဝါးများ ထောက်ပ့ံမှုများ ပြုလုပ်နိုင်ရန် လှူဒါန်းမှုများ ပြုလုပ်နိုင်ကြောင်း ချင်းပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။

ယခုလ နိုဝင်ဘာ လဆန်းပိုင်းကစတင်ပြီး ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA အကြား တိုက်ပွဲများ ဖြစ်ပွားနေခဲ့ခြင်းဖြစ်သည်။ ယမန်နေ့ နံနက်ပိုင်းက AA အဖွဲ့မှ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့သည်ဟု ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က မဇ္စျိမသို့အတည်ပြု ပြောဆိုထားသည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့်နေရာသည် ကုလားတန်မြစ်အထက်ပိုင်းတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲများ ကြောင့် စစ်ရှောင်နေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကူညီမှုများ ပေးအပ်သွားမည်ဟု ဝန်ကြီး၏ ပြောဆိုချက်အရ သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝဒေသအနီး၌ တိုက်ပွဲကြီးများ ဖြစ်ပွားလာနိုင်ခြင်းကြောင့် ဒေသခံများအား ခရီးသွားလာ ခြင်းမပြုရန် နှင့် မဖြစ်မနေ သွားလာရမည့် အခြေအနေရှိပါက သတိထားသွားလာရန် ရက္ခိုင့်အဖွဲ့(AA) မှ နိုဝင်ဘာလ ၅ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။

ပလက်ဝမြို့နယ်မှ တိုုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းဖို့ ဆက်သွယ်ရန်မှာ နေပြည်တော် - ဦးစိန်အောင် (ပလက်ဝမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးစိုုးထက်(ဒုုတိယညွန်ကြားရေးမှူးချုပ်၊ အမျိုးသား လွှတ်တော်)၊ ရန်ကုုန်မြို့ - ကိုပီတာလွယ်လူး (ပလက်ဝမြို့နယ် လူမှုရေးအသင်း)၊ ပလက်ဝမြို့ - ဆရာတော် ပေါလ်ထွန်းခိုုင်၊ ကိုစတီဗင်၊ ဆလိုင်းအောင်ရွှေ၊ ဟားခါးမြို့ - ဆလိုင်းအိုုက်ဇက်ခင်၊ မလေးရှားနိုင်ငံ - ကိုအိုက်လွင် တို့ဖြစ်သည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...