ရခိုင်ပြည်နယ်အရေး ကူညီဆောင်ရွက်ရန် စေတနာ့ဝန်ထမ်းလူငယ်များအား အစိုးရ ဖိတ်ခေါ်

ရခိုင်ပြည်နယ်အရေး ကူညီဆောင်ရွက်ရန် စေတနာ့ဝန်ထမ်းလူငယ်များအား အစိုးရ ဖိတ်ခေါ်
ဒုက္ခသည် စခန်းတစ်ခုအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ-စိုးသူရ
ဒုက္ခသည် စခန်းတစ်ခုအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ-စိုးသူရ

ရခိုင်​ပြည်​နယ်​အတွင်​း​ဆောင်​ရွက်​မည်​့ “ပြည်​သူ့အတွက်​ လူငယ်​ ရက်​၂၀” အစီအစဉ်​အား နိုဝင်ဘာလ ၉ ရက်တွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး စေတနာ့ ၀န်ထမ်း လူငယ်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဖိတ်ခေါ်လျှက်ရှိသည်။

လာမည့် နိုဝင်ဘာလ ၉ ရက်မှ စတင်ပြီး “ပြည်သူ့အတွက် လူငယ် ရက် ၂၀ ” ဆောင်ပုဒ် ဖြင့် စေတနာ့ဝန်ထမ်း လုပ်အားပေးအဖွဲ့မှာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသများသို့ သွားရောက်၍ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာလုပ်ငန်းများ၊ အချက်အလက်ကောက်ခံမှုများ၊ ဒေသတွင်းပြည်သူများအား စိတ်​ဓာတ် ခွန်အားမြှင့်တင်ပေးခြင်းနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်သည်။

ထို့ကြောင့် လုပ်အားပေးလူငယ်အဖွဲ့များအား ရက် (၂၀) လျှင် တစ်ဖွဲ့ လဲလှယ်ဆောင်ရွက်သွားမည် ဖြစ်သော ကြောင့် အဆိုပါ လုပ်အားပေးလူငယ်အဖွဲ့တွင် ပါ၀င်ဆောင်ရွက်ပေးနိုင်ရန်အတွက် စိတ်ပါ၀င်စားသူ အသက် ၁၈ နှစ် မှ ၃၅ နှစ် အတွင်း လူငယ်များအား ဖိတ်ခေါ်လျှက်ရှိပါသည်။

အဆိုပါအစီအစဉ်တွင် ပါ၀င်ကူညီ လုပ်အားပေးလိုသူ ၊ပါ၀င်ဆောင်ရွက်လိုသူ လူငယ်များအနေဖြင့် (က)ဦးအောင်ကျော်မိုးဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ၀၉-၈၆၀၁၀၀၃ ၊ ၀၉-၄၂၈၆၀၁၀၀၃ (ခ)ဒေါက်တာ အောင်သူရိန်၊ ဒုတိယ ညွှန်ကြားရေးမှူး၊( ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန) ၀၉-၅၃၃၀၅၂၀၊ (ဂ) ဒေါက်တာ ရဲမြတ်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ၀၉-၅၁၀၀၂၅၉ သို့ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ပါ၀င်ဆောင်ရွက်လိုသူ လူငယ်များအနေဖြင့် အသေးစိတ် သိရှိလိုပါက UEHRD-Youth Volunteers Program ( Facebook Page )သို့ ၀င်ရောက်ကြည့်ရှုနိုင်သည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း( UEHRD မှ ဖွဲ့စည်းထားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးလူငယ် အဖွဲ့(HCYT)မှ စေတနာ့ဝန်ထမ်းလူငယ်များ လုပ်အားပေးအစီအစဉ်ကို စတင်ပြုလုပ်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရခိုင်ပြည်နယ်ခရီး ရောက်ရှိစဉ် စစ်တွေလေဆိပ်ခန်းမ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေး လူငယ်အဖွဲ့ (YHCG)နှင့် တွေ့ဆုံခဲ့သေးပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများသည် တစ်ခဏတာလုပ်ရမည် အလုပ်မဟုတ်ဘဲ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သောကြောင့် ဒေသခံများပါ၀င်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စေတနာ့ဝန်ထမ်းလူငယ်များသို့ ထောက်ပ့ံရေးပစ္စည်းများအား အမှန်တကယ်လိုအပ်သည့်နေရာများသို့ ရောက်ရှိရန်လိုအပ်ကြောင်းပြောကြားခဲ့ကာ ပစ္စည်း၊ ငွေကြေး ထောက်ပံ့ရာ၌ စာရင်းဇယားစနစ်တကျ ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အတတ်နိုင်ဆုံးဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့သည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...