ဒေါ်အောင်ဆန်းစုကြည် ဘင်္ဂါလီ ကျေးရွာများသို့ သွားရောက်

ဒေါ်အောင်ဆန်းစုကြည် ဘင်္ဂါလီ ကျေးရွာများသို့ သွားရောက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ယနေ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ဘင်္ဂါလီ ကျေးရွာများသို့ သွားရောက်ခဲ့သည်။

သြဂုတ်လ ၂၄နှင့် ၂၅ ရက်နေ့ကတည်းက ARSA အကြမ်းဖက်သမားများ နှင့် ဒေသခံအပေါင်းအပါတို့၏ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များကြောင့် အထိနာနေရ သည့် ရခိုင်ပြည်နယ်သို့ ပထမဦးဆုံးအကြိမ်အဖြစ် သွားရောက်ခြင်းလည်းဖြစ်သည်။

ရခိုင်ပြည်နယ်သို့ သူမနောက်ဆုံးသွားရောက်ခဲ့သည့်ခရီးစဉ်မှာ လွန်ခဲ့သော ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကာလက ဖြစ်သည်။

လုံခြုံရေးအခြေအနေများကြောင့် ယနေ့ခရီးစဉ်ကို မကြေညာပဲထားရခြင်းဖြစ်ကြောင်း အစိုးရတာဝန်ရှိသူ များက မီဒီယာသမားများကို ပြောခဲ့သည်။

စစ်တွေနှင့် မောင်တောဒေသမှ ရွာသားများနှင့် ကုန်သည်များက သူတို့သည် အဆိုပါခရီးစဉ်နှင့်ပက်သက်၍ သတိမမူမိခဲ့ကြောင်း သတင်းသမားများကိုပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်ကိုလုံခြံုရေးများတင်းကြပ်စွာချထားသည်ကို တွေ့ရှိခဲ့ရကြောင်း ဒေသခံသတင်းထောက်များက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မနက် ၈ နာရီဝန်းကျင်၌ စစ်တွေမြို့သို့ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရဝန်ကြီး များနှင့် တာဝန်ရှိသူများက သူမကိုကြိုဆိုခဲ့သည်။

သူမသည် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်နေကြသည့် စေတနာ့ဝန်ထမ်းများနှင့်လည်း တွေ့ဆုံခဲ့ပြီး မျက်မြင်သက်သေများက သူမသည် စေတနာ့ဝန်ထမ်း ၁၂ ဦးနှင့် စကားပြောဆိုခဲ့ကြောင်း ပြောခဲ့ကြသည်။

ထို့နောက်တွင်သူမသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အပြင် လူငယ်အဖွဲ့ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထို့နောက် မနက် ၉ နာရီဝန်းကျင်၌ သူမသည် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသသို့ ဆက်လက်ထွက်ခွာသွားခဲ့သည်။

အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒေါ်အောင်ဆန်းစုကြည်သည် ဘူးသီးတောင်နှင့် မောင်တော ဒေသတို့သို့ သွားရောက်ခဲ့ကြောင်း သတင်းသမားများကို ပြောဆိုခဲ့သော်လည်း လုံခြံုရေးအခြေအနေများ ကြောင့် သူမရောက်ရှိနေသည့် နေရာအတိအကျကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂါလီကျေးရွာများသို့ရောက်ရှိခဲ့ပြီး နေထိုင်သူများနှင့်တွေ့ဆုံ၍ စကားပြောဆို ခဲ့ပြီးနောက် ညနေသုံးနာရီခန့်တွင် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...