“ ရဲကျော်သူ” ဟု အမည်ပေးထားသော ရခိုင်အမျိုးသားပိုင်ဘဏ်တစ်ခု ဖွင့်လှစ်မည်ဟု ဆို

“ ရဲကျော်သူ” ဟု အမည်ပေးထားသော ရခိုင်အမျိုးသားပိုင်ဘဏ်တစ်ခု ဖွင့်လှစ်မည်ဟု ဆို

ရခိုင်အမျိုးသားပိုင်ဘဏ်တစ်ခု ဖွင့်လှစ်နိုင်ရေး စီစဉ်နေသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်ဗဟိုစီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးမင်းခင်က ပြောသည်။

 “ ဒီဘဏ်ဟာ ကျွန်တော်တို့ ရခိုင်ပြည်နယ် ပြည်နယ်သားတွေအားလုံးရဲ့ နိုင်ငံအနှံ့အပြားမှာရှိတဲ့ တိုင်းရင်းသူ တိုင်းရင်းသားများ အပါအဝင် ကမ္ဘာ့အဖွဲ့အစည်းတွေနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဘဏ်လုပ်ငန်းနှင့် လိုက်လျော ညီထွေစွာ လွတ်လွတ်လပ်လပ် ရပ်တည်ပြီးတော့ ဘဏ်လုပ်ငန်းကျွမ်းကျင်တဲ့ ပညာရှင်တွေက ဆုံးဖြတ်ချက် ချမှတ်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”  ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဗဟို စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးမင်းခင်က ပြောသည်။

အောက်တိုဘာလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်၏ အုပ်ချူပ်ရေးမြို့တော် စစ်တွေတွင် ပြုလုပ်ခဲ့သည့်  ပြည်တွင်း ပြည်ပ စီးပွားရေး လုပ်ငန်းရှင်ကြီးများပါဝင်သော ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ရှင်းလင်းပွဲတွင် ဦးမင်းခင်က ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ဘဏ်အမည်ကို “ရဲကျော်သူ” ဟု ပေးထားပြီး ကိုလိုနီခေတ်က ယင်းအမည်နှင့်ပင် မြန်မာနိုင်ငံ၏ ပထမဦးဆုံး တိုင်းရင်းသားဘဏ်တစ်ခုအဖြစ် ရခိုင်အမျိုးသားတစ်ဦးက ပိုင်ဆိုင်ခဲ့ဖူးသည်။

ယခု ဖွင့်လှစ်မည့် ဘဏ်ကို အဆိုပါ ဦးရဲကျော်သူ၏ မိသားစုဝင်များ ပူးပေါင်းပါဝင်မည်ဖြစ်ပြီး အစိုးရအဖွဲ့က ပြန်လည် တည်ထောင်နိုင်ရန် ကြိုးပမ်းနေကြခြင်းလည်း ဖြစ်သည်။

“ ရခိုင်ပြည်နယ်အတွင်းက ဘိုးဘေးတွေရဲ့ အမွေကိုဆက်ခံဖို့အတွက် ဦးရဲကျော်သူ မိသားစုဝင်တွေနဲ့ ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး ပထမဆုံးတိုင်းရင်းသားဘဏ်ကို ထူထောင်ခဲ့တဲ့ ဦးရဲကျော်သူဘဏ်ကို ပြန်လည်ထူထောင်ဖို့ စီစဉ်ထားပြီ းဖြစ်ပါတယ်။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဗဟို စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးမင်းခင်က ပြောသည်။

အဆိုပါ ရခိုင်အမျိုးသားတစ်ရပ်လုံးကိုယ်စားပြု ဘဏ်၏ ပထမဦးဆုံး ဘဏ်ရုံးကို စစ်တွေမြို့တွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...