မွန်ပြည်နယ် ကမ်းရိုးတန်းဒေသများလုံခြံုရေး အထူးဂရုပြုဆောင်ရွက်ရန်လို

မွန်ပြည်နယ် ကမ်းရိုးတန်းဒေသများလုံခြံုရေး အထူးဂရုပြုဆောင်ရွက်ရန်လို
by -
သံလွင်တိုင်းမ်
မွန်ပြည်နယ်ကမ်းရိုးတန်းဒေသများတွင် အကြမ်းအဖက်အဖွဲ့များမဝင်ရောက်နိုင်ရေးနှင့် လုံခြံုရေးအတွက် အထူးဂရုပြုဆောင်ရွက်ရန်လိုအပ်ပြီး ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တပြေးညီ တင်ပြကြရန် စက်တင်ဘာလ ရ ရက်နေ့၊ မွန်းလွဲပိုင်းက ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ပြုလုပ်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများပါ၀င်သော လုံခြံုရေးအထူးအစည်းအဝေးတွင် ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က ပြောကြားလိုက်သည်။

thanlwin timesမြို့နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသများဖြစ်သော အစင်၊ ဇီးဖြူသောင်၊ ဓမင်းဆိပ်၊ အံဒင်၊ နှစ်ကရင်၊ ကော့ဒွတ်၊ ရင်းရယ်၊ ကဗျာဝ စသည့်ဒေသများတွင် သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအပါအဝင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအတွင်းရှိ တက်ကြွလူငယ်များက ပေါင်းစပ်စိစစ်ဆောင်ရွက်ပေးရန်လိုကြောင်း ၄င်းက ပြောကြားခဲ့သည်။

'' ရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာဌာနများ၊ ရပ်/ကျေးများ လုံခြံုရေးစီမံချက်တင်ပေးပါ။ မြို့နယ်အဆင့်လုံခြံုရေးစီမံချက်ပြန်လည်ရေးဆွဲတင်ပြရပါမယ်။ ထူးခြားမှုဖြစ်စဉ်များကို တစ်နာရီခြားတစ်ကြိမ် ရှိ/မရှိ သတင်းပေးရမယ်။ ထူးခြားလာပါကလည်း အချိန်နဲ့တပြေးညီ တင်ပြပေးရမယ်။ အရေးကြီးကာလသတ်မှတ်ပြီး အလေးအနက်ထားဆောင်ရွက်ဖို့လိုပါတယ်။ အစွန်းရောက်အကြမ်းဖက်တွေလှုပ်ရှားနိုင်သည်များကိုလည်း သိရှိထားဖို့လိုအပ်ပါမယ်။ ဖြစ်စဉ်ဖြစ်လာပါကလည်း ဦးစားပေးအလိုက် ဆောင်ရွက်ကြဖို့လဲလိုပါတယ် '' ဟု မြို့နယ်အုပ်ချုပ်ရေးမှုးက စက်တင်ဘာလ ရ ရက်နေ့ မွန်းလွဲပိုင်းက ပြောကြားသည်။

မြို့နယ်ထွေ/အုပ်အပါအဝင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်၊ လဝကနှင့် စည်ပင်ဌာနတို့ပါ၀င်သော ပူးပေါင်းအဖွဲ့က ရုံးဌာနများစစ်ဆေးခြငး်၊ တည်းခိုခန်း၊ ဟိုတယ်မိုတယ်စစ်ဆေးခြင်းများ ညစဉ်ဆောင်ရွက်မည်ဖြစ်ပြီး စက်လှေအဝင်အထွက်များ စိစစ်သတ်မှတ်ခြင်း၊ လိုအပ်ပါက နေအိမ်များ၊ ၀င်ပေါက်၊ ထွက်ပေါက်များတွင် ယာဉ်များ စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

'' ရဲတပ်ဖွဲ့ဝင်အင်အားတိုးချဲ့ရရှိထားပြီး ပုံမှန် နေ့/ည လှည့်လည်ဖို့ဆောင်ရွက်ပါမယ်၊ နေ့/ည ပိတ်ဆို့ရှာဖွေမှုများလည်းဆောင်ရွက်မှာဖြစ်သလို စကခ(၁၉)၊ တပ်မတော်ရေတို့နဲ့လည်း ချိတ်ဆက်ဆောင်ရွက်သွားဖို့ရှိပါတယ် '' ဟု ရေးမြို့နယ်ရဲတပ်ဖွဲဲ့မှူးက ယင်းအစည်းအဝေးတွင် ပြောကြားသည်။

တက်ရောက်လာကြသူများအကြံပြုချက်အရ လုံခြံုရေးကဏ္ဍအတွက် အနှောင့်အယှက်ဖြစ်ာလာနိုင်သော နေ့စဉ် မြို့အတွင်းဗျောက်အိုးများဖောက်နေခြင်းကိစ္စကိုလည်း ဒေသန္တရအမိန့်တစ်ရပ်ထုတ်ပြန်ပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

၂၀၀၉ ခုနှစ်က ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကျေးရွာဆိပ်ကမ်းသို့ ဘင်္ဂလီ ရ၀ ဦးခန့်ပါ၀င်သော စက်လှေတစ်စီး လာရောက်ကမ်းကပ်ခဲ့ဖူးသည်ဟုလည်း ဒေသခံရပ်မိရပ်ဖများထံက သိရသည်။

ဓာတ်ပုံ-CJ
January 9, 2026
ရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြပြီး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ စစ်ကော်မရှင်တပ်...
ဓာတ်ပုံ-Social Media
January 9, 2026
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မုတ်ဆိတ်ကွင်းကျေးရွာထဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်...
ဓာတ်ပုံ-CJ
January 7, 2026
ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်နေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာတွေထဲကို...
December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...