မဏ္ဍိုင် ၄ ရပ်တွေ့ဆုံဆွေးနွေးပွဲ မော်လမြိုင်တွင်ပြုလုပ်

မဏ္ဍိုင် ၄ ရပ်တွေ့ဆုံဆွေးနွေးပွဲ မော်လမြိုင်တွင်ပြုလုပ်
by -
ရဲနိုင်ဦး
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက ဦးဆောင်ကျင်းပသော မဏ္ဍိုင် ၄ ရပ်တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၁ ရက်နေ့က မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။ မွန်ပြည်နယ်တွင်ကျင်းပသည့် မဏ္ဍိုင်လေးရပ်ဆွေးနွေးပွဲအနေဖြင့် ပြည်နယ်နှင့်တိုင်းအဆင့်တွင် ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ်ဆွေးနွေးပွဲကို ယခုနှစ်၊ ဇွန်လက ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြုလုပ်ကျင်းပခဲ့သည်။ '' ပြည်ထောင်စုအဆင့် မဏ္ဍိုင်လေးရပ်ဆွေးနွေးပွဲတွေလုပ််ခဲ့တယ်၊ ၀န်ကြီးဌာနတွေနဲ့သတင်းယူမှုအပိုင်းတွေကတော့ အတိုင်းအတာတစ်ခုအထိ နှစ်ဖက်အခက်အခဲတွေကို ထုတ်ဖော်ပြောဆိုပြီးတော့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာမျိုးပေါ့၊ ပြည်နယ်နဲ့တိုင်းဒေသတွေမှာတော့ အခက်အခဲတွေ ရှိနေသေးတယ်၊ မီဒီယာနဲ့လွှတ်တော်တို့၊ မီဒီယာနဲ့အစိုးရအဖွဲ့၊ တရားစီရင်ရေးတို့ကြားထဲမှာ သတင်းရယူခွင့်နဲ့ပတ်သက်ပြီးတော့အခက်အခဲ၊ နောက်ပြီးတော့ သူတို့ဘက်ကလည်း သတင်းမီဒီယာတွေဘက်ကနေပြီးတော့ဖော်ပြတဲ့နေရာမှာ သူတို့အတွက် ဘယ်လိုမျိုး ပြဿနာတွေဖြစ်သွားတယ် စသဖြင့်ပေါ့ သူတို့ဘက်ကလည်း တင်ပြနိုင်တာတွေရှိတယ်ပေါ့၊အဲဒါတွေကိုဘယ်လိုဖြေရှင်းကြမလဲ၊ ဆွေးနွေးပြီးအဖြေရှာကြမယ့်ရည်ရွယ်ချက်ပေါ့ '' ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီဝင်များ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်အပါအဝင် တင်ပြရန်ရွေးချယ်ထားသော သတင်းမီဒီယာသမားများတက်ရောက်ခဲ့ကြသည်။ '' သတင်းသမားတွေအနေနဲ့ သက်ဆိုင်ရာကဏ္ဍအလိုက် အခက်အခဲများ၊ လိုအပ်ချက်များကိုတင်ပြကြမှာဖြစ်ပါတယ်၊ လိုအပ်နေတဲ့ကွက်လပ်တွေကိုအကောင်းဆုံးဖြည့်ဆည်းပေးနိုင်မယ်လို့ယုံကြည်တယ်၊ အပြန်အလှန်နားလည်ယုံကြည်မှုဖြစ်စေမယ်လို့လဲ မျှော်လင့်ပါတယ် '' ဟု ရေးတော်ဝင်အခမဲ့သတင်းလွှာမှာ တာဝန်ခံအယ်ဒီတာ ဦးအောင်နိုင်ဝင်းက မှတ်ချက်ပြုသည်။
ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...