မွန်ပြည်နယ်ရှိ ရွှေအရောင်းဆိုင်များ၏ အရောင်းပြေစာတွင် အခွန်တံဆိပ်မကပ်ပါက အရေးယူမည်

မွန်ပြည်နယ်ရှိ ရွှေအရောင်းဆိုင်များ၏ အရောင်းပြေစာတွင် အခွန်တံဆိပ်မကပ်ပါက အရေးယူမည်
by -
သံလွင်တိုင်းမ်
မွန်ပြည်နယ်အတွင်းရှိ ရွှေအရောင်းဆိုင်များ၌ အရောင်းပြေစာများတွင် အခွန်တံဆိပ်ကပ်ခြင်းရှိမရှိကို စစ်ဆေးပြီးအရေးယူမှုများ ပြုလုပ်သွားမည်ဟု မွန်ပြည်နယ်အခွန်ဦးစီးဌာနမှသိရသည်။

ရွှေထည်အရောင်းပြေစာများတွင် ရွှေခွန်အမှတ်တံဆိပ်ပြေစာကပ်ရန် ဇူလိုင်လကစတင်ခဲ့ပြီး မြို့နယ် အလိုက်တွင် ပညာပေးမှှုများပြုလုပ်ထားပြီး ရွှေဆိုင်များလိုက်နာမှုရှိမရှိကို စောင့်ကြည့်စစ်ဆေးသွားမည်ဟု ပြည်နယ်အခွန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးကိုက ပြောသည်။

၁၉၇၄ ခုနှစ်ဝင်ငွေခွန်ဥပဒေနှင့် ၁၉၉၀ ပြည့်နှစ် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထား ထားရှိသော်လည်း ဝယ်ယူသူ(သို့မဟုတ်)ဝန်ဆောင်မှု ရယူလိုသူ ထံသို့ ထုတ်ပေးရန်ပျက်ကွက်ခြင်း (သို့မဟုတ်) ပြေစာထုတ်ပေးသော်လည်း ကျသင့်အခွန်တန်ဖိုးအတိုင်း အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်ပါက ကျသင့်အခွန်၏ ၁၀၀ရာခိုင်နှုန်းကို ဒဏ်ကြေးပေးဆောင်ရ မည့်အပြင် ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ပျက်ကွက်မှုအကြိမ်အလိုက် ဒဏ်ကြေးများပေးဆောင်ရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။

“ပထမအကြိမ် ပျက်ကွက်ရင် ကျပ်နှစ်သိန်း၊ ဒုတိကအကြိမ်ပျက်ကွက်ရင် ကျပ်ငါးသိန်း၊ တတိယ အကြိမ်ပျက်ကွက်ရင် ကျပ်ဆယ်သိန်း ဒဏ်ကြေးဆောင်ရမယ်။ စားသောက်ဆိုင်အခွန်ဥပဒေ လုပ်ထုံးလုပ်နည်း အတိုင်းပါ”ဟု ဦးမျိုးကိုက ပြောသည်။

ရွှေခွန်ကောက်ယူပတ်သက်ပြီး ရွှေအရောင်းဆိုင်များမှလည်း ”ရွှေခွန်ကဆောင်ရမယ်။ အခွန်တံဆိပ် လည်းကပ်ရမယ်။ မကပ်ရင်အရေးယူမယ်ပေါ့။ ဝယ်သူတွေအနေနဲ့ကတော့ အခွန်နှုန်းက များနေသေးတယ်”ဟု ပြောသည်။

ရွှေဆိုင်များတွင် ရွှေထည်သီးသန့်ရောင်းရငွေ၏ တစ်ရာခိုင်နှုန်းကို အခွန်အဖြစ်လည်းကောင်း၊ ရွှေထည် တွင် ကျောက်ပါဝင်ပါက ကျောက်တန်ဖိုး၏ ငါးရာခိုင်နှုန်းကို လည်းကောင်း ကောက်ယူမည်ဖြစ်ရာ ရွှေခွန် အမှတ်တံဆိပ်များအနေနဲ့ ကျပ်၁၀၀၊ ကျပ်၂၀၀၊ ကျပ်၅၀၀၊ ကျပ်၁၀၀၀၊ ကျပ်၅၀၀၀ထောင်နှင့်ကျပ် ၁၀၀၀၀ တန်တံဆိပ်ခေါင်းများကို အခွန်ဦးစီးဌာကထုတ်ထားပေးသည်။

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...