ရေးမြို့ရှေးဟောင်းကျုံးတော်ကြီးအတွင်းရှိ ငါးများ အဆိပ်မိသေဆုံးဟုဆို

ရေးမြို့ရှေးဟောင်းကျုံးတော်ကြီးအတွင်းရှိ ငါးများ အဆိပ်မိသေဆုံးဟုဆို
by -
သံလွင်တိုင်းမ်
ရေးမြိုူ့၊ ရှေးဟောင်းကျုံးတော်ကြီးအတွင်း ငါးများရာနှင့်ချီသေဆုံးမှုရှိနေပြီး လူမှုအဖွဲ့အစည်းတာဝန် ရှိသူအချို့က ရှင်းလင်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။

tlt161“ ဒီမနက်သေနေတဲ့ငါးတွေကို တပည့်တစ်ယောက်နဲ့ လိုက်သိမ်းပြီးဆယ်နေတာ ကောင်ရေ ရာနဲ့ချီပြီး ရနေတယ်၊ အဆိပ်မိသေတယ်လို့ ယူဆရလို့ စားသောက်ဖို့ လာရောက်ယူဆောင်သူတွေကို မယူဖို့ တားမြစ်နေရတယ်၊ လူငယ်လေးအချို့က ငါးစာတွေကျွေးပြီးချိန်မှာငါးတွေကသေတယ်၊ သေတဲ့ဟာကို ဆယ်ယူသွားကြတယ်လို့ သိရတယ် ” ဟု ရေးမြို့နုယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက သံလွင်တိုင်းမ်သို့ ပြောသည်။

သာသနာ ၂၅၀၀ စေတီတော်ဂေါပကအဖွဲ့လူငယ်များအနေဖြင့် ကျံုးပတ်ဝန်းကျင်အတွင်း ယင်းကဲ့သို့ လုပ်ဆောင်နေမှုများကိ်ု ထိုက်သင့်သလို အရေးယူဆောင်ရွက်ရန်စီစဉ်နေပြီ ဟုလည်း သိရသည်။

“ အဲ့လိုမျိုးလုပ်တဲ့သူတွေကို ဂျူတီချပြီးတော့ နေ့ည ဖမ်းဆီးဖို့ လုပ်နေပါတယ် ” ဟု ဂေါပကအဖွဲ့ လူငယ်တစ်ဦးဖြစ်သူက သံလွင်တိုင်းမ်သို့ ပြောသည်။

ယင်းကဲ့သို့ ငါးများအား အစာများကျွေးကာ ဖမ်းဆီးရယူမှုပြုနေသူများကို တွေ့ရှိပါက နီးစပ်ရာ သက်ဆိုင်ရာသို့ အကြောင်းကြားပေးစေလိုကြောင်းနှင့် အဆိပ်မိသေဆုံးသည် မှန်ကန်ပါက စားသုံးမိသူများအတွက် အန္တရာယ်ရှိစေနိုင်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်ပေးရန် လိုအပ်ကြောင်း ရန်မျိုးအောင်ရပ်ကွက်နေ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးအောင်ခိုင်က မှတ်ချက်ပြုသည်။

“ ကျုံးထဲမှာ ခုသေနေတဲ့ငါးတွေ ၂၀၀ နဲ့ ၃၀၀ လောက်ရှိနေတယ်၊ ထပ်မံဆယ်ယူဖို့လုပ်ရဦးမှာပါ ” ဟု ဦးအောင်နိုင်ဝင်းက ဆိုသည်။

ရှေးဟောင်းကျုံးတော်ကြီးအတွင်း ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးရှဥ့်၊ ငါးခူ၊ လိပ်များ အများအပြား ရှိပြီး ငါးလုပ်ငန်းဦးစီးဌာနက နှစ်စဉ် ငါးမျိုးပေါင်းများစွာကို ယင်းကျုံးအတွင်းလာရောက် ထည့် ပေးလျက်ရှိသည်။

ဓာတ်ပုံ-MOI/CJ
May 14, 2026
လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုတွေ ရှိနေပေမယ့် မွန်ပြည်နယ်မှာ လျှပ်စစ်မီး...
May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...