ချင်းပြည်နယ် တစ်ပြည်နယ်လုံး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စုစုပေါင်း ကျောင်းသူ/ သား တစ်သောင်းကျော်ရှိ

ချင်းပြည်နယ် တစ်ပြည်နယ်လုံး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စုစုပေါင်း ကျောင်းသူ/ သား တစ်သောင်းကျော်ရှိ
by -
ချင်းဝေါလ်
၂၀၁၆-၁၇ ခုနှစ် ချင်းပြည်နယ်တွင် တစ်ပြည်နယ်လုံး တက္ကသိုလ် ၀င်တန်းဖြေဆိုမည့် ကျောင်းသူ/ သား စုစုပေါင်း (၁၁၃၆၄) ဦး ရှိသည်ဟု ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်အလိုက် ဦးရေမှာ “ဟားခါးက ၂၀၇၆၊    ကျား ၈၃၆   မ ၁၂၄၀၊ တန်တလန် ၃၄၄ ၊    ကျား  ၁၅၀    မ   ၁၉၄၊ ဖလမ်း ၁၁၉၂၊  ကျား  ၄၇၀ မ ရ၂၂၊ တီးတိန် ၁၉၂၈   ကျား ၆၇၉  မ  ၁၂၄၉၊ တွန်းဇံ ၅၂၃  ကျား ၂၀၃  မ ၃၂၀၊ မင်းတပ် ၁၂၁၉   ကျား ၅၂၀  မ ၆၉၉၊ မတူပိီ ၁၄၃၇     ကျား  ၅၈၅   မ  ၈၅၂၊ ကန်ပလက် ၆၉၃       ကျား ၃၂၃   မ ၃၇၀၊ ပလက်ဝ ၁၉၅၂    ကျား    ၉၇၈   မ  ၉၇၄ ရှိပါတယ်” ဟု ချင်းပြည်နယ် ပြည်နယ်ပညာရေးမှူးရုံ စာရင်း (၂) ဦးပါးကုန်က ပြောသည်။

ဆက်လက်ပြီး ကျောင်းသူ/သားမှာ ၀ိဇ္ဖာ ဘာသာအတွဲ (၇) ကို သင်ကြားသူ ပိုမိုများသည် ပြောသည်။

၂၀၁၅-၁၆ ပညာသင်နှစ်တွင် ချင်းပြည်နယ်မှ ဖြေဆိုသူပေါင်း (၉၆၄၆) ဦးရှိရာ အောင်မြင်သူ ၁၄၁၄ ဦးဖြင့် အောင်ချက် ၁၄.၃၆ ရာခိုင်နှုန်းရရှိခဲ့သည်။ ၂၀၁၄-၁၅ ပညာသင်နှစ်တွင်မူ ဖြေဆိုသူပေါင်း (၉၆၃၈) ဦးရှိပြီး၊ ၁၇၂၀ ဦးအောင်မြင်ကာ ၁၇.၈၅ ရာခိုင်နှုန်းရရှိခဲ့သည်။

ချင်းပြည်နယ်သည် တိုင်းဒေသကြီးနှင့်ပြည်နယ်များအနက် အောင်ချက်အနည်းဆုံးပြည်နယ်အဖြစ် နှစ်စဉ်လိုလို ရပ်တည်လျက်ရှိသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များအနက် မွန်ပြည်နယ်သည် အောင်ချက်ရာခိုင်နှုန်းအကောင်းဆုံးအဖြစ် ရပ်တည်လေ့ရှိပြီး၊ ၂၀၁၆ တွင် ၃၉.၃၇ ရာခိုင်နှုန်းဖြင့် အောင်ချက်အကောင်းဆုံးဖြစ်ခဲ့သည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ (၈) ရက်နေ့တွင် စတင်ဖြေဆိုကြမည် ဖြစ်သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...