မေး-အခုလို ကိုယ်စားလှယ်တစ်ယောက်အဖြစ် အရွေးချယ်ခံရခြင်းက မွန်လူမျိုးတွေ၊ မွန်ပြည်နယ်သားအတွက် ဘာတွေ အထောက်အကူပြုနိုင်မယ်လို့ထင်ပါသလဲရှင်။
ဖြေ- ကိုယ်တတ်နိုင်တဲ့ဘက်က တစ်ထောင့်တစ်နေရာကနေ အထောက်အကူပြုနိုင််မယ်လို့ ထင်ပါတယ်။
မေး- တကယ်လို့ ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရရင် မွန်လူမျိုးတွေ မွန်ပြည်နယ်သားတွေရဲ့ လိုအပ်ချက်တွေကို အကောင်အထည် ဖော်ပေးနိုင်မယ်လို့ ယုံကြည်ပါသလားရှင်။
ဖြေ- ပါတီမူဝါဒနဲ့အညီ အကောင်အထည်ဖော်သွားမှာပါ။
မေး- အခုကိုယ်စားလှယ်အဖြစ်အရွေးချယ်ခံမယ့် မဲဆန္ဒနယ်မှာ ဘာတွေလိုအပ်နေတယ်လို့ အစ်မအနေနဲ့ မြင်ပါသလဲ။
ဖြေ- လွှတ်တော်အမတ်များများရခဲ့ရင် လူမျိုးအကျိုး၊ ပြည်နယ်အကျိုး များများလုပ်ပိုင်ခွင့်ရှိမယ်လို့ ယုံကြည်တယ်။ အဓိက ပြည်နယ်လွှတ်တော်မှာ ၁၆ ယောက်လောက်နိုင်ခဲ့့မယ်ဆိုရင်ပေါ့။
မေး- အခု လိုအပ်နေတယ်လို့ထင်တဲ့ ကိစ္စရပ်တွေကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဘယ်ကိစ္စရပ်ကို ပထမဆုံး ဦးစားပေးလုပ်ဆောင်ပေးသွားမယ်လို့ စဉ်စားထားပါသလဲ။
ဖြေ- ပထမဆုံး ဦးစားပေးလုပ်ဆောင်သွားမှာက မိခင်ဘာသာစာပေ သင်ယူမှုရရှိနိုင်ရေးနှင့် ဒေသဖွံဖြိုးမှုကို အဓိကထား လုပ်ဆောင်သွားမယ်။
မေး- နောက်တစ်ခုက မွန်ပြည်နယ်ရဲ့လိုအပ်ချက်တွေအမျိုးမျိုးထဲက ဘယ်အရာတွေကို လုပ်ကိုင် ဆောင်ရွက်ပေးသွားဖို့ရှိပါသလဲ။
ဖြေ- မွန်ပြည်နယ်ရဲ့ လိုအပ်ချက်တွေအမျိုးမျိုးထဲက တန်းတူရေးကို အထိကထားပြီး စာပေယဉ်ကျေးမှု မြင့်တင်သွားမယ်။ မဲစာရင်းကို အချိန်ပေးပြီး ပြန်စစ်ပေးပါ။ မဲစာရင်းမှာ မပါခဲ့လျှင် ရွေးချယ်ပိုင်ခွင့် ဆုံးရှုံးသွားမယ်။ အဓိက အချက်က ၂၀၀၈ဖွဲ့စည်ပုံအခြေခံဥပဒေ အသစ်ရေးဆွဲဖို့ မဟုတ်ရင် ပြင်ဆင်ရေးဆွဲရန်။
မေး- မွန်လူမျိုးတွေအတွက် ဘာလုပ်ကိုင်ဆောင်ရွက်ပေးသွားဖို့ စဉ်းစားထားပါသလဲ။
ဖြေ- မွန်လူမျိုးတွေအတွက် အမျိုးသားတန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံသော မွန်ပြည်နယ်ပေါ်ထွန်းရန်၊ လွှတ်တော်ပြင်ပ လွှတ်တော်တွင်း နိုင်ငံရေးအင်အားစုတွေနဲ့ ပာန်ချက်ညီညီ လုပ်ဆောင်သွားနိုင်မယ်လို့ စဉ်းစားထားပါတယ်။
မေး- နောက်ဆုံးမေးခွန်တစ်ခုက မဲဆန္ဒရှင်တွေကို မီဒီယာကနေ ဘာများမှာကြားလိုပါသလဲ။
ဖြေ- မဲဆန္ဒရှင်တွေကို မှာကြားချင်တာက ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့အတွက် ကိုယ့်လူမျိုးအကျိုး အတွက် တာဝန်ခံမှုရှိသော တကယ်လုပ်ပေးမယ့်ကိုယ်စာလှယ်လောင်းများကို မှန်အောင် ရွေးချယ်ကြပါလို့ ပြောချင်ပါတယ်။
အမည် -ဒေါ်ညွှန့်ရီ(ခ)မိစန္ဒာနန်
ပညာအရည်အချင်း - B.Sc (Chemistry)
အလုပ်အကိုင် - အိမ်ရှင်မ
မွေးသက္ကရာဇ် - ၁၀-၇-၈၅
လူမျိုး/ဘာသာ - မွန်/ဗုဒ္ဓဘာသာ
လက်ရှိ နေရပ်လိပ်စာ - ကနာလိုကျေးရွာ၊ ကျိုက်မရောမြို့နယ်
အဖအမည် - ဦးဂုဏ်ရှိန်+ ဒေါ်ထွေးစိန်
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကျိုက်မရောမြို့နယ်မဲဆန္ဒနယ်
ယှဉ်ပြိုင်မည့် လွှတ်တော် - အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း
လူမှုရေး- အမျိုးသားရေးလှုပ်ရှားမှုများ (အကျဉ်း)-
၂၀၁၃ ခုနှစ်တွင် အမျိုးသမီးများနိုင်ငံရေးတွင် ပါဝင်မှုနှင့် နိုင်ငံရေးလုပ်ဆောင်ချက်များကို လေ့လာ ဆွေးနွေရေးအတွက် သွားရောက်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်အမျိုးသမီးနှင့်လူငယ်များ ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးတွင် ပူပေါင်းပါဝင်မှုကို ဖိလစ်ပိုင် နိုင်ငံတွင် သွားရောက်လေ့လာခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ ကျိုက်မရောမြို့နယ် လူငယ်တာဝန်ခံနှင့်မွန်လူငယ်များကွန်ရက်တွင် အတွင်ရေးမှုး(၃)နေရာကို တာဝန်ယူခဲ့ပါသည်။ မွန်လူငယ်များညီလာခံတွင်လည်း ကျင်းပရေးကော်မတီဖြင့် ပူပေါင်းလုပ်ဆောင်ခဲ့ ပါသည်။ ၂၀၁၄ ခုနှစ်မွန်အမျိုးသားပါတီမှ ဗဟိုအလုပ်မှုဆောင်တာဝန်နှင့် အမျိုးသမီးရေးရာတာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၅ ညီလာခံအပြီးမှယနေ့ထိ ဗဟိုအလုပ်အမှုဆောင်တာဝန်နှင့် လူငယ်ရေးရာ တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။







