ရခိုင်အရေးတွင် အကျိုးစီးပွားများပါ၀င်နေပြီး လက်ရှိအစိုးရအကြပ်အတည်းဖြစ်အောင် လုပ်နေဟု ကိုမင်းကိုနိုင် ပြော

ရခိုင်အရေးတွင် အကျိုးစီးပွားများပါ၀င်နေပြီး လက်ရှိအစိုးရအကြပ်အတည်းဖြစ်အောင် လုပ်နေဟု ကိုမင်းကိုနိုင် ပြော
by -
မျိုးပြည့်သင်း
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုကိစ္စရပ်များသည် အကျိုးစီးပွားများပုံစံမျိုးစုံဖြင့် ပါဝင်နေပြီး လက်ရှိအစိုးရအား အကြပ်အတည်းဖြစ်စေရန် လုပ်ဆောင်နေသည်ဟု ယူဆရကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်က ပြောဆိုလိုက်သည်။ ယနေ့ စက်တင်ဘာ၁၃ရက် သင်္ယန်းကျွန်းမြို့နယ်ရှိ ၈၈ ရုံးခန်းတွင် ပြုလုပ်သည့် ရခိုင်အရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့ခြင်းဖြစ်သည်။ "အခုဖြစ်လာတာတွေကို သေချာပြန်ကြည့်ရင် တချို့ဟာတွေကပစ္စည်းတွေကိုလုသွားတာ သဘောက ပြောရရင်တော့ မင်းတို့ ဒီဟာကိုဖန်တီးပြီးရင် အဲဒီမှာရတဲ့ပစ္စည်းတွေ ယူသွားဆိုတဲ့ပုံစံမျိုး ကျွန်တော်တို့ တွေ့နေရတယ်။ ဒါက ရိုးရိုးသားသား လူမျိုးရေးဘာသာရေး ဖြစ်တာမဟုတ်ဘူး။ အကြမ်းဖက်ပြီးတော့ လုယူချင်တဲ့ ဥစ္စာပစ္စည်းတွေကို ဓနအင်အားတွေကိုပါ လုယူတဲ့ပုံစံမျိုး တွေ့နေရတဲ့အတွက်ကြောင့် အကျိုးစီးပွားဟာ ပုံသဏ္ဍာန်မျိုးစုံနဲ့ပါနေတယ်ဆိုတာ ကျွန်တော်တို့ မြင်လို့ရတယ်"ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်က ပြောခဲ့သည်။ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး(စမ်းချောင်း)၊ ဒေါ်နီလာသိန်းနှင့် ဒေါ်မီးမီးတို့ ပါဝင်သည့်အဖွဲ့သည် စက်တင်ဘာလ ၂ ရက်နေ့မှ စက်တင်ဘာလ ၁၀ ရက်နေ့အထိ ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်များဖြစ်ပွားခဲ့သည့်ဒေသများသို့ သွားရောက်၍ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း နယ်မြေလေ့လာခြင်းများ ပြုလုပ်ခဲ့သည်။ ထို့ပြင် ရခိုင်အရေးကိစ္စသည် လက်ရှိအစိုးရအား အကြပ်အတည်းဖြစ်စေရန် လုပ်ဆောင်နေသည်ဟု ယူဆရပြီး တိုင်းပြည်အတွက်အကျိုးရှိစေရန် ပူးပေါင်းဆောင်ရွက်သင့်သည့်အချိန်ဖြစ်သည်ဟု ကိုမင်းကိုနိုင်က ပြောသည်။ ရခိုင်ပြည်နယ်အတွင်း သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာ ၅ ရက်နေ့အထိ ကျေးရွာပေါင်း ( ၅၉) ရွာ ၊ နေအိမ်အလုံးပေါင်း ၆၈၄၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု အစိုးရ၏နောက်ဆုံးရ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အကြမ်းဖက်သမား ၃၇၁ ဦး အသေဖမ်းဆီးရမိကာ ၃၈ ဦးကို အရှင်ဖမ်းမိခဲ့ပြီး ဒေသခံများသေဆုံးမှုအဖြစ် ဒေသခံတိုင်းရင်းသား ၁၄ ဦး ၊ ဒေသခံ ဟိန္ဒူဘာသာဝင် ရ ဦး၊ ဘင်္ဂလီ ရ ဦး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့သည်ဟု တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။ လက်ရှိအချိန်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဘက်မှ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမြဲထောက်ခံပါကြောင်း ၈၈ ငြိမ်း/ပွင့်မှ ကိုဂျင်မီက ပြောသည်။
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...