ဒေါ်အောင်ဆန်းစုကြည်နဲ့ RCSS ဥက္ကဌ ဦးယွက်စစ်တို့တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နဲ့ RCSS ဥက္ကဌ ဦးယွက်စစ်တို့တွေ့ဆုံ
by -
မဇ္ဈိမ
Myanmar State Counsellor Office
Myanmar State Counsellor Office
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဦးယွက်စစ် တို့ စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA)အရ အစိုးရဘက်က ဆောင်ရွက် နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ယုံကြည်မှု ၊ နားလည်မှုတည်ဆောက်ရေးနှင့် တိုင်းရင်းသားနယ်မြေ ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်ဟု အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသော်လည်း အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်းမရှိပေ။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) သည် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ခုဖြစ်သော်လည်း တပ်မတော်နှင့်လည်းကောင်း ပလောင်လက်နက်ကိုင်အဖွဲ့ TNLA နှင့်လည်းကောင်း မကြာခဏ  ထိတွေ့ပစ်ခတ်မှုများ ရှိနေသည့် အဖွဲ့တစ်ခုဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဥ နိုင်ဟံသာဦးဆောင်သည့် အဖွဲ့ကိုလည်း ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့ က နေပြည်တော်တွင်   တွေ့ဆုံခဲ့သေးသော်လည်း တွေ့ဆုံမှုရလာဒ်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...