၆၆ ဃ ဖြင့် အမှုဖွင့် ခံထားရသည့် သတင်းထောက်နှစ်ဦး အာမခံရ

၆၆ ဃ ဖြင့် အမှုဖွင့် ခံထားရသည့် သတင်းထောက်နှစ်ဦး အာမခံရ
by -
တင်ရွှေ
ဆက်သွယ်ရေးဥပဒေ ၆၆ ဃ ဖြင့် အမှုဖွင့် ခံထားရသည့် မဇ္ဈိမသတင်းထောက် ဒေါင်းလူနှင့် DVB သတင်းထောက် ဘဦးတို့ ၂ ဦးတို့ အာမခံရရှိကြောင်း သိရသည်။ ၄င်းတို့နှစ်ဦး ယနေ့တွင် မကွေးတိုင်း၊ အောင်လံမြို့နယ်ရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့ပြီးနောက် အောင်လံမြို့နယ် ရဲစခန်းက အာမခံပေးခဲ့ခြင်းဖြစ်သည်။ “ဒီအမှု တိုင်တန်းတာက ၂၀၁၆ခုနှစ် ဒီဇင်ဘာ ၉ရက်နေ့ကပါ၊ ဆက်သွယ်ရေးဝန်ကြီးဌာနကို တင်ပြတယ်၊ အခုသြဂုတ်လဆန်းပိုင်းကမှ ခွင့်ပြုမိန့််ရတယ်၊ ဒီကြားထဲမှာ ရဲလုပ်ငန်းစဉ်တွေ အများကြီး သွားရပါတယ်၊ ဒီနေ့ လကုန်ရက် (၃၁)ရက်နေ့မှာ သတင်းထောက်(၂)ဦးက လာအဖမ်းခံတော့ ကိုယ်ပိုင်ခံဝန်နဲ့ အာမခံပေးလိုက်ပါတယ်၊ အာမခံပေးရတာကလည်း သြဂုတ်လ(၂၉)ရက်နေ့က နိင်ငံတော်သမ္မတကြီး လက်မှတ်ထိုးထုတ်ပြန်တဲ့ ဆက်သွယ်ရေး ဥပဒေအသစ် ကျင့်ထုံးဥပဒေပုဒ်မ (၁၆၉)အရ အာမခံပေးလို့ရတဲ့အတွက် အခုလို အာမခံပေးရတာပါ”ဟု အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်စိန်ကပြောသည်။ အောင်လံမြို့နယ်၊ ငလာက်ကျေးရွာ အလယ်တန်းကျောင်းနှင့် ပတ်သက်ပြီး ၂၀၁၆ခုနှစ် နိုဝင်ဘာလအတွင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် သတင်းနှင့် ပတ်သက်၍ အဆိုပါ သတင်းထောက် ၂ဦးအား ငလောက်ကျေးရွာ အလယ်တန်းကျောင်းအုပ်က အမှုဖွင့် ထားခြင်းဖြစ်သည်။ ငလောက် ကျေးရွာအလယ်တန်းကျောင်းနှင့် ပတ်သက်ပြီး "ပြင်ပမှ လက်ထောက်ဆရာမ ငှားသင်ကြားပြီး ငွေကောက်ခံသော ကြောင့် တချို့မိဘများက ၁၀၀ကို ၂၀ တိုးနှင့် ငွေတိုးချေးပြီး ကျောင်းထားနေ ရသည် " ဟု အောင်လံဒေသခံတချို့က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ သည်။ အဆိုပါ သတင်းကို ဒေါင်းလူ(ခ) နိုင်ကျော်စွာမျိုးက ရေးသားရိုက်ကူးခဲ့ပြီး မဇ္စျိမသတင်းဌာနတွင် ဖော်ပြခဲ့သည်။ အဆိုပါသတင်းကို ဒေါင်းလူ(ခ) နိုင်ကျော်စွာမျိုးက သူ၏ လူမှုကွန်ယက် စာမျက်နှာမှတဆင့် “ငွေတိုးချေးပြီး ကျောင်းထားနေရတယ်တဲ့ “ဟု ထပ်ဆင့်ရေးသားကာ ပြန်လည်မျှဝေ ခဲ့ခြင်းကြောင့် ဂုဏ်သိက္ခာထိခိုက်စေသည်ဟု ဆိုကာ အမှုဖွင့်ခံရခြင်း ဖြစ် သည်။ “ဒီသတင်းကို ကျွန်တော် ရိုက်ကူးခဲ့ တယ်၊ ၂ ဘက် အသံလည်း ဖော်ပြခဲ့ တယ်၊ ကျွန်တော့် အာဘော်လည်း လုံးဝမပါခဲ့ဘူး။ သတင်းစာ ရှင်းလင်းပွဲလုပ် တယ်။ သတင်းထောက်က သတင်းသွားယူပြီး၊ မီဒီယာကျင့်ဝတ်နဲ့အညီ မျှမျှတတ သတင်းလုပ်တယ်။ အဲဒီလို သတင်းစာ ရှင်းလင်းပွဲသတင်းကို သတင်းလုပ်တာနဲ့ အခုလို ၆၆ နဲ့အမှုဖွင့်ခံရတာ ဘယ်လိုမှ နားမလည် ဖြစ်ရတယ်”ဟု မဇ္ဈိမသတင်းထောက် ဒေါင်းလူက ပြောသည်။ DVB သတင်းထောက် ဘဦးက “ဒီအမှုနဲ့ ပတ်သက်လို့ ဘာအင်တာနက်မှ မတင်ခဲ့ဘူး၊ မဇ္ဈိမမှာ သတင်းပါလာတော့လည်း Likeလည်း မပေးခဲ့ဘူး Comentလည်း မပေးခဲ့ဘူး ရှယ်တာလည်း မလုပ်ခဲ့ပါဘူး၊ ဒါကို ကျွန်တော်ကိုပါ ၆၆ ဃနဲ့ တရားစွဲ ထားတယ်။ ဒီနေ့ ကိုယ်ပိုင်ခံဝန်နဲ့ အာမခံပေးပါတယ်”ဟုပြော သည်။ သတင်း ထောက် ၂ ဦးနှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် ဒေသခံ ၅ ဦး၊ စုစုပေါင်း ရ ဦးကို အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး၊ ဒေသခံ ၂ ဦး ကို သြဂုတ်လ၂၉ နေ့က ဖမ်းဆီး၍ ၃၀ ရက်နေ့က အာမခံပေးခဲ့သည်။
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...