မောင်တောတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား၊ သေဆုံးသူ ၁၀ ဦးထိရှိလာ

မောင်တောတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား၊ သေဆုံးသူ ၁၀ ဦးထိရှိလာ
by -
မဇ္ဈိမ
မောင်တောဒေသမြောက်ပိုင်းတွင် အကြမ်းဖက်သမားများနှင့် အစိုးရလုံခြံုရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ယနေ့ သြဂုတ်လ ၂၅ ရက်၊ မနက် ၁၀ အချိန်အထိ အစိုးရဘက်မှ ၁၀ ဦးကျဆုံးထားကြောင်း မောင်တော တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ်  ဦးမောင်အုန်းက အတည်ပြုပြောသည်။

“ တေချောင်းဘက်မှာ ဖြစ်နေတယ်။ မောင်တောမြောက်ပိုင်းပေါ့နော်။ အထိအခိုက်ကတော့ လောလောဆယ် ဆယ်ယောက်လောက်ကျတယ်။ ရဲတွေရော တပ်ကပါတယ်ကြားတယ်ဗျ “ ဟု၄င်းကပြောသည်။

အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မောင်တောမြို့ပေါ်ရှိပြည်သူများ စိုးရိမ်ထိတ်လန့်နေသောကြောင့် "တစ်မြို့လုံးဆူညံနေတာပဲ “ ဟု ဦးမောင်အုန်းကဆိုသည်။

ထို့အပြင် မောင်တောမှ ဘူးသီးတောင်ဘက်သို့သွားသည့် လမ်းကိုလည်း ပိတ်ထားသည်ဟု သိရကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

သို့သော် အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ အတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။

ယနေ့ (သြဂုတ် ၂၅) မနက် ရ နာရီခန့် အချိန်အထိ ရဲတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ရပြီး သေနတ် ၂ လက်ပါသွားခဲ့ရကာ၊ အစွန်းရောက်အကြမ်းဖက်သမား ရ ဦး အလောင်းများ ရရှိထားကြောင်း   နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး မောင်တောခရိုင်အုပ်ချုပ်ရေးမှူးထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းပြန်လည် ဖြေဆိုခြင်း မရှိခဲ့ပေ။

သြဂုတ်လ ၂၅ ရက်နေ့  နံနက် ၃ နာရီခန့်တွင် အစွန်းရောက် အကြမ်းဖက်သမား ၁၅၀ ခန့်သည် ခမရ(၅၅၂) ဂိတ်သို့ နှစ်ဖွဲ့ခွဲ၍ ဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့ရာ တပ်မတော်သားများက ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အစွန်းရောက် အကြမ်းဖက်သမားများသည် သြဂုတ်လ ၂၅ ရက်၊ ည ၁ နာရီမှ စတင်ပြီး နတ်ချောင်း၊ တမန်းသား၊ ကွမ်းသီးပင်ချောင်းဝ၊ နံ့သာတောင်၊ နံ့သာတောင်ချောင်းဝ၊ မီးတိုက်ချောင်းဝ၊ ကျီးကျွန်း၊ ဇီးပင်ချောင်းဝ၊ လောင်းဒုံ၊ သီဟိုဠ်ကျွန်း၊ ဇင်ပိုင်ညာ၊ သရေကုန်းဘောင်၊ ပညောင်ပင်ကြီး၊ ရွှေရင်အေး၊ မြင်းလွတ်၊ အလယ်သံကျော်၊ ဥဒေါင်း(နတလ)၊ သင်္ဘောကွေ့၊ ချိန်ခါလီ၊ ကိုးတန်ကောက်၊ သဝန်ချောင်း၊ တောင်ဘဇာ၊ ဖောင်တောပြင်၊ မောင်တော (နတလ) စသည်တို့ရှိ ရဲကင်းများ၊ ရဲစခန်းများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့သည်ဟု အစိုးရဘက်က ထုတ်ပြန်ထားသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...