ရခိုင်တွင် လိုင်စင်မဲ့ယာဉ်များကို စက်တင်ဘာ ၁ရက်မှ စတင်ဖမ်းဆီးပြီး ပိုင်ရှင်များကို အရေးယူမည်

ရခိုင်တွင် လိုင်စင်မဲ့ယာဉ်များကို စက်တင်ဘာ ၁ရက်မှ စတင်ဖမ်းဆီးပြီး ပိုင်ရှင်များကို အရေးယူမည်
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်အတွင်း အသုံးပြုသူများပြားလာနေသည့် လိုင်စင်မဲ့ယာဉ်များအား လာမည့်စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ဖမ်းဆီးသွားမည်ဖြစ်ကာ ဖမ်းဆီးရရှိသည့် ယာဉ်ပိုင်ရှင်များအား တရားမဝင်ကုန်သွယ်မှု ဥပဒေပုဒ်မများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အရေးယူဆောင်ရွက်မှုကို ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဖြစ်ကာ လက်ရှိတွင် ယာဉ်အန္တရာယ်လျော့ပါးရေးအတွက် ပညာပေးဆောင်ရွက်မှုများကို အင်တိုက်အားတိုက် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

“ယာဉ်စီးတဲ့သူတိုင်းကို ယာဉ်အန္တရာယ် မဖြစ်ရအောင်အတွက် ပညာပေးမှုတွေ ဆောင်ရွက်နေပါတယ်။ ဒါနိုင်ငံတော် စီမံကိန်းတစ်ရပ်အနေနဲ့ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီ ဖွဲ့စည်းပြီး ဆောင်ရွက် နေတာပါ။ ပညာပေးကာလပြီးရင်တော့ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသွားဖို့ရှိပါတယ်။

ယာဉ်ပိုင်ရှင်တွေကိုလည်း တရားမဝင်ကုန်သွယ်မှု ဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု အမှတ် ၅ ယဉ်ထိန်းရဲတပ်ဖွဲ့၊ ဒု-တပ်ဖွဲ့မှူး ရဲမှူးညာဏ်လင်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လိုင်စင်မဲ့ယာဉ်အသုံးပြုသူ များပြားလာနေသည့်အတွက် ယာဉ်များ အဆမတန် များပြားလာကာ ယဉ်မောင်းသူများအနေဖြင့်လည်း စည်းကမ်းမလိုက်နာမှုများ၊ မဆင်မခြင် မောင်းနှင်မှုများ ကြောင့် ယဉ်တိုက်မှုများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။

“လိုင်စင်မဲ့ယာဉ်တွေနဲ့ ပတ်သက်ပြီးတော့ ဟိုတုန်းကလည်း ဖမ်းဆီးနေတာပဲ။ ပြီးခဲ့တဲ့နှစ်ကဆိုရင် စစ်တွေမှာ ၁၁ စီး၊ မြောက်ဦးမှာ ၁၄ စီးနဲ့ သံတွဲမှာ ၃ စီးဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုစက်တင်ဘာ ၁ ရက်နေ့မှာ တော့ ထိထိရောက်ရောက်ကို အရေးယူမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”ဟု ဆက်လက်ပြောကြားသည်။

ယင်းသို့ လိုင်စင်မဲ့ယဉ် အသုံးပြုနေမှုများအား ရှင်းလင်းနိုင်ရန်အတွက် ရခိုင်ပြည်နယ်တွင်လည်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီးဖြစ်ရာ ယင်းကော်မတီတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...